Google က နောက်ထုတ်မယ့် Nest Home Speaker ကို Tease လုပ်လိုက်ပြီး အောက်တိုဘာလမှာ ကျင်းပမယ့် Made By Google Event မှာ ကြေညာနိုင်ပါတယ်။ အဲဒီ Speaker ရဲ့ ဓါတ်ပုံတွေ ဂျပန် ဒေတာဘေ့စ် ဝက်ဘ်ဆိုက်ကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Nest Speaker အသစ်ဟာ အရင်ထုတ်ခဲ့တဲ့ Nest Home Speaker တွေနဲ့ ဒီဇိုင်း အပိုင်းမှာ တူညီပါတယ်။ ထောင့်စွန်းတွေက လုံးဝန်းပြီး Nest Home Mini နဲ့ Nest Home Max တို့မှာလို ချည်သား ဒီဇိုင်း ဖြစ်ပါတယ်။ Nest Home Speaker အသစ်ဟာ မူလ Google  Home Speaker ရဲ့ မျိုးဆက်လို့ ဆိုနိုင်ပါတယ်။

Google က မျှဝေလိုက်တဲ့ ဗီဒီယို Teaser မှာ အညို၊ အပြာနဲ့ ပန်းရောင် ၃ မျိုးကို မြင်ရပါတယ်။ Google ရဲ့ Hardware Event မကြာခင် လာတော့မှာ ဖြစ်တဲ့အတွက် Smart Speaker  အသစ် အကြောင်းကို ပြည့်ပြည့်စုံစုံ သိလာရတော့မှာပါ။ အရင်နှစ်ကတော့ အဲဒီပွဲမှာ Pixel 4 XL အကြောင်းကို သိခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာ စွမ်းရည်သင့် Pixel 4a အကြောင်းကို ပြောမယ်လို့ ထင်ပေမယ့် မကြာခင်ကပဲ iPhone SE ကို ကြေညာခဲ့တဲ့အတွက် Google က အချိန်အခါကောင်းကို ထပ်စောင့်ချင်စောင့်နေနိုင်ပါတယ်။

Pixel 5 ကိုလည်း ဒီနှစ်မှာ ကြေညာနိုင်ပြီး အဲဒီဖုန်းဟာ Premium-midrange ဖုန်း ဖြစ်ပါတယ်။ Google ဟာ စွမ်းရည်မြင့် ဖုန်း နယ်ပယ်မှာ အောင်မြင်ဖို့ ကြိုးစားနေရတဲ့အတွက် နည်းဗျူဟာ ပြောင်းလဲလာနိုင်ပါတယ်။

Ref : gsmarena