Google ဟာ သူ့ရဲ့ Pixel စမတ်ဖုန်းတွေကို Foxconn ကနေ ထုတ်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း Pixel 4 XL ဖုန်းအချို့ကို Vietnam မှာ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသေးတယ်။

အဲ့ဒီအတွက် Pixel 4 XL ဖုန်းတွေဟာ မနှစ်တုန်းက တရားဝင်မမိတ်ဆက်ရသေးခင်မှာတင် Hands-on နဲ့ Review Video တွေပါ ပေါက်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးသိထားရတဲ့သတင်းတွေအရတော့ Google ဟာ ဒီနှစ်အတွက် Pixel 4a နဲ့ Pixel 5 ဖုန်းတွေကိုလည်း Vietnam မှာပဲ ဆက်လက်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

အခုသတင်းကိုတော့ Nikkei Asian Review ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pixel 4a နဲ့ Pixel 5 ဖုန်း ၂ မျိုးစလုံးကို Vietnam မှာပဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အခုလိုဆုံးဖြတ်ရတာကလည်း လက်ရှိတရုတ်နိုင်ငံမှာ အဓိကဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

Nikkei Asian Review ရဲ့ ပြောကြားချက်အရတော့ Pixel 4a ထုတ်လုပ်မှုတွေကို လာမယ့် ဧပြီလဝန်းကျင်မှာ စတင်သွားမှာဖြစ်ပြီး Pixel 5 ထုတ်လုပ်မှုကိုတော့ ယခုနှစ် နှစ်ဝက်နောက်ပိုင်းမှာ စတင်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိသတင်းတွေထွက်ရှိထားသလို Pixel 4a ကို လာမယ့် မေလအတွင်းမှာပြုလုပ်မယ့် Google I/O 2020 မှာ မိတ်ဆက်သွားဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – 9to5Google