[Zawgyi]

Google ဟာ ေနာက္ထပ္ႀကီးမားတဲ့ ေျခလွမ္းသစ္တစ္ခုကို အစျပဳေနျပန္ၿပီလို႔ ဆိုရမွာပါ။ အဲဒါကေတာ့ Password ေတြ႐ိုက္ထည့္ရတဲ့ အေလ့အထကို ေမွးမွိန္သြားေအာင္လုပ္ေနျခင္းပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ Android က Chrome မွာဆိုရင္ Google ရဲ႕ ဝန္ေဆာင္မႈအခ်ိဳ႕ကို Password ႐ိုက္ထည့္ေနစရာမလိုဘဲ လက္ေဗြဖတ္ၿပီး ဝင္ေရာက္ခြင့္ျပဳလိုက္တာပဲ ျဖစ္ပါတယ္။

Google ရဲ႕ အဆိုပါဝန္ေဆာင္မႈသစ္ကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၂ ရက္ေန႔ကစၿပီး Android ဖုန္းအခ်ိဳ႕မွာ အသုံးျပဳလို႔ရေနၿပီလို႔ The Verge က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ဒီဝန္ေဆာင္မႈစနစ္သစ္ကို Android 7 နဲ႔အထက္ စမတ္ဖုန္းေတြအားလုံးမွာ သုံးႏိုင္ေအာင္လို႔ ႀကိဳးပမ္းထားၿပီး ေနာက္ထပ္ရက္အနည္းငယ္အၾကာမွာ ထုတ္လႊတ္ေပးသြားဦးမယ္လို႔လည္း သိရပါတယ္။

Google Account Help စာမ်က္ႏွာမွာလည္း အသုံးျပဳသူအေနနဲ႔ မိမိရဲ႕ Android device တြင္းကိုဝင္ေရာက္ရာမွာ ႀကိဳက္ႏွစ္သက္ရာ နည္းလမ္းကို ေ႐ြးခ်ယ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီနည္းလမ္းေတြထဲမွာ လက္ေဗြဖတ္စနစ္လည္း ပါဝင္သလို၊ Pin နဲ႔ Pattern အသုံးျပဳဖြင့္စနစ္ေတြလည္း ပါဝင္ေနတာကို ေတြ႕ရပါတယ္။

Android ဖုန္းေတြရဲ႕ Google Pay ေပးေခ်မႈနစ္မွာေတာ့ သက္ဆိုင္သူစစ္မွန္ေၾကာင္းသက္ေသျပဖို႔အတြက္ လက္ေဗြဖတ္စနစ္ကို အသုံးျပဳႏိုင္ၿပီး ျဖစ္ပါတယ္။ ဒီေနရာမွာ အသစ္ျဖစ္လာတာက Chrome browser ကေနတစ္ဆင့္ Google ရဲ႕ ဝက္ဘ္ဝန္ေဆာင္မႈအခ်ိဳ႕ကိုလည္း အလားတူ လက္ေဗြနဲ႔ ဝင္ေရာက္ႏိုင္တာပဲ ျဖစ္ပါတယ္။

ဒီ လုပ္ေဆာင္ခ်က္ေတြကို ၾကည့္ရႈဖို႔နဲ႔ ျပင္ဆင္ဖို႔ဆိုရင္ေတာ့ Passwords.google.com မွာ သြားေရာက္ၾကည့္ရႈ ျပင္ဆင္ႏိုင္မွာပါ။ Google က အသုံးျပဳသူရဲ႕ Password ေတြကို အဆိုပါေနရာမွာ မွတ္သားေပးထားလို႔ပဲ ျဖစ္ပါတယ္။ ဒီစနစ္သာ က်ယ္ျပန႔္သြားရင္ေတာ့ အသုံးျပဳသူေတြအေနနဲ႔ မ်ားျပားရႈပ္ေထြးတဲ့ Password ေတြကို မွတ္သားထားရျခင္းက လြတ္ကင္းသြားမွာျဖစ္သလို ပိုၿပီးေတာ့ လုံၿခဳံစိတ္ခ်တဲ့စနစ္တစ္ခုကိုလည္း အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

ဝန်ဆောင်မှုအချို့ကို Password မလိုဘဲ ဝင်ရောက်ခွင့်ပြုလိုက်တဲ့ Google

Google ဟာ နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုကို အစပြုနေပြန်ပြီလို့ ဆိုရမှာပါ။ အဲဒါကတော့ Password တွေရိုက်ထည့်ရတဲ့ အလေ့အထကို မှေးမှိန်သွားအောင်လုပ်နေခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ Android က Chrome မှာဆိုရင် Google ရဲ့ ဝန်ဆောင်မှုအချို့ကို Password ရိုက်ထည့်နေစရာမလိုဘဲ လက်ဗွေဖတ်ပြီး ဝင်ရောက်ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

Google ရဲ့ အဆိုပါဝန်ဆောင်မှုသစ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကစပြီး Android ဖုန်းအချို့မှာ အသုံးပြုလို့ရနေပြီလို့ The Verge က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီဝန်ဆောင်မှုစနစ်သစ်ကို Android 7 နဲ့အထက် စမတ်ဖုန်းတွေအားလုံးမှာ သုံးနိုင်အောင်လို့ ကြိုးပမ်းထားပြီး နောက်ထပ်ရက်အနည်းငယ်အကြာမှာ ထုတ်လွှတ်ပေးသွားဦးမယ်လို့လည်း သိရပါတယ်။

Google Account Help စာမျက်နှာမှာလည်း အသုံးပြုသူအနေနဲ့ မိမိရဲ့ Android device တွင်းကိုဝင်ရောက်ရာမှာ ကြိုက်နှစ်သက်ရာ နည်းလမ်းကို ရွေးချယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနည်းလမ်းတွေထဲမှာ လက်ဗွေဖတ်စနစ်လည်း ပါဝင်သလို၊ Pin နဲ့ Pattern အသုံးပြုဖွင့်စနစ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

Android ဖုန်းတွေရဲ့ Google Pay ပေးချေမှုနစ်မှာတော့ သက်ဆိုင်သူစစ်မှန်ကြောင်းသက်သေပြဖို့အတွက် လက်ဗွေဖတ်စနစ်ကို အသုံးပြုနိုင်ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ အသစ်ဖြစ်လာတာက Chrome browser ကနေတစ်ဆင့် Google ရဲ့ ဝက်ဘ်ဝန်ဆောင်မှုအချို့ကိုလည်း အလားတူ လက်ဗွေနဲ့ ဝင်ရောက်နိုင်တာပဲ ဖြစ်ပါတယ်။

ဒီ လုပ်ဆောင်ချက်တွေကို ကြည့်ရှုဖို့နဲ့ ပြင်ဆင်ဖို့ဆိုရင်တော့ Passwords.google.com မှာ သွားရောက်ကြည့်ရှု ပြင်ဆင်နိုင်မှာပါ။ Google က အသုံးပြုသူရဲ့ Password တွေကို အဆိုပါနေရာမှာ မှတ်သားပေးထားလို့ပဲ ဖြစ်ပါတယ်။ ဒီစနစ်သာ ကျယ်ပြန့်သွားရင်တော့ အသုံးပြုသူတွေအနေနဲ့ များပြားရှုပ်ထွေးတဲ့ Password တွေကို မှတ်သားထားရခြင်းက လွတ်ကင်းသွားမှာဖြစ်သလို ပိုပြီးတော့ လုံခြုံစိတ်ချတဲ့စနစ်တစ်ခုကိုလည်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: The Verge