Google ရဲ့ Chrome Browser ဟာ PC အပြင် စမတ်ဖုန်းတွေအတွက်ပါ လူသုံးအများဆုံး Browser တစ်ခုလို့ ပြောလို့ရပါတယ်။ အခုလည်း Google ကနေ Chrome Browser အတွက် ကြီးမားတဲ့ Update တစ်ခုကို ထုတ်ပေးသွားတော့မှာပါ။

ဒါကတော့ လက်ရှိ Website တွေမှာ ဖော်ပြနေတဲ့ ကြော်ငြာတွေဟာ အသုံးပြုတဲ့ Device ရဲ့ Battery သို့မဟုတ် Internet Bandwidth ကို အများအပြားအသုံးပြုနေတယ်ဆိုရင် Block ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါကြော်ငြာတွေရဲ့ နောက်ကွယ်ကနေ Mining ပြုလုပ်တဲ့ Cryptocurrrency Ads တွေကိုအဓိကရည်ရွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Block ပြုလုပ်သွားမယ့် ကြော်ငြာတွေက Devices ရဲ့ Main CPU ကို စက္ကန့် ၆၀ ထက်ပိုပြီး အသုံးပြုနေရင် သို့မဟုတ် Main CPU ကို စက္ကန့် ၃၀ အတွင်းမှာ ၁၅ စက္ကန့်ထက်ပိုပြီးအသုံးပြုနေရင် သို့မဟုတ် 4MB ထက်ပိုတဲ့ Network Bandwidth ကို အသုံးပြုတာနဲ့ Block ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ ယခု Feature ကို Chrome Beta မှာပဲ စမ်းသပ်နေဆဲဖြစ်ပြီး လာမယ့် သြဂုတ်လဝန်းကျင်လောက်မှ Stable Update မှာ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်စမ်းသုံးချင်တယ်ဆိုရင် Address Bar မှာ “chrome://flags/ #enable-heavy-ad-intervention” လို့ရိုက်ပြီး Enable ပြုလုပ်ပြီးစမ်းသပ်နိုင်မှာဖြစ်ပါတယ်။

Ref – Mashable