[Zawgyi]

Google ရဲ႕ ေနာက္ထပ္ အေရးပါတဲ့ Update တစ္ခုအျဖစ္ Google Now Playing Feature က မၾကာခင္ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒီ Update ကို ဘယ္အခ်ိန္ ထုတ္လႊတ္ေပးမလဲဆိုတာ မသိရေသးေပမယ့္ Update ရဲ႕ လုပ္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာအခ်ိဳ႕ကေတာ့ ေပၚထြက္လာၿပီ ျဖစ္ပါတယ္။

XDADevelopers ရဲ႕ ေဖာ္ျပခ်က္အရ Google ရဲ႕ Now Playing Feature ဟာ အသုံးျပဳသူရဲ႕ တည္ေနရာနဲ႔ လႈပ္ရွားလုပ္ေဆာင္မႈေတြကို ေျခရာခံလိမ့္မယ္လို႔ သိရပါတယ္။ ဒီ Feature ဟာ Pixel Ambient Services ရဲ႕ မတ္လ Beta release (1.0.229715350) လိုင္စင္ကုဒ္နံပါတ္နဲ႔အတူ ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

Now playing ဟာ Pixel 2 မ်ိဳးဆက္ စမတ္ဖုန္းေတြမွာကတည္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ သီခ်င္းေတြနားေထာင္ႏိုင္သလို ေခတ္ၿပိဳင္ ေရပန္းစားတဲ့သီခ်င္းေတြကိုလည္း ရွာေဖြနားေထာင္ႏိုင္တာ ျဖစ္ပါတယ္။ သီခ်င္းနားေထာင္ေနခ်ိန္မွာ Notification shade နဲ႔ Lockscreen မွာျပသေနေပမယ့္ Pixel 3 မွာေတာ့ ဒီ Feature ဟာေျခရာခံထားတဲ့ သမိုင္းေၾကာင္းကို သိမ္းဆည္းေပးထားမွာ ျဖစ္ပါတယ္။

ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ ဒီ Feature ကို Google Pixel 4 နဲ႔ Pixel 4 XL ေတြျဖန႔္ခ်ိခ်ိန္မွာ ေၾကညာလာဖြယ္ရွိပါတယ္။ Google ဟာ Pixel 4 ေတြထြက္ရွိလာမယ့္အခ်ိန္ေတြမွာ အျခား Feature အေတာ္မ်ားမ်ားကိုလည္း ထည့္သြင္းမိတ္ဆက္သြားဖို႔ ရွိေနတာေၾကာင့္ ထူးျခားတဲ့သတင္းေတြ ထပ္မံထြက္ေပၚလာရင္ ဆက္လက္ တင္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Google ရဲ့ Now Playing ဟာ တည်နေရာနဲ့ လှုပ်ရှားမှုတွေကို ခြေရာခံလာဖွယ်ရှိ

Google ရဲ့ နောက်ထပ် အရေးပါတဲ့ Update တစ်ခုအဖြစ် Google Now Playing Feature က မကြာခင် ထွက်ပေါ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီ Update ကို ဘယ်အချိန္ ထုတ်လွှတ်ပေးမလဲဆိုတာ မသိရသေးပေမယ့် Update ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကတော့ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

XDADevelopers ရဲ့ ဖော်ပြချက်အရ Google ရဲ့ Now Playing Feature ဟာ အသုံးပြုသူရဲ့ တည်နေရာနဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေကို ခြေရာခံလိမ့်မယ်လို့ သိရပါတယ်။ ဒီ Feature ဟာ Pixel Ambient Services ရဲ့ မတ်လ Beta release (1.0.229715350) လိုင်စင်ကုဒ်နံပါတ်နဲ့အတူ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Now playing ဟာ Pixel 2 မျိုးဆက် စမတ်ဖုန်းတွေမှာကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သီချင်းတွေနားထောင်နိုင်သလို ခေတ်ပြိုင် ရေပန်းစားတဲ့သီချင်းတွေကိုလည်း ရှာဖွေနားထောင်နိုင်တာ ဖြစ်ပါတယ်။ သီချင်းနားထောင်နေချိန်မှာ Notification shade နဲ့ Lockscreen မှာပြသနေပေမယ့် Pixel 3 မှာတော့ ဒီ Feature ဟာခြေရာခံထားတဲ့ သမိုင်းကြောင်းကို သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ချေရှိတာကတော့ ဒီ Feature ကို Google Pixel 4 နဲ့ Pixel 4 XL တွေဖြန့်ချိချိန်မှာ ကြေညာလာဖွယ်ရှိပါတယ်။ Google ဟာ Pixel 4 တွေထွက်ရှိလာမယ့်အချိန်တွေမှာ အခြား Feature အတော်များများကိုလည်း ထည့်သွင်းမိတ်ဆက်သွားဖို့ ရှိနေတာကြောင့် ထူးခြားတဲ့သတင်းတွေ ထပ်မံထွက်ပေါ်လာရင် ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena