Google ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Pixel နဲ့ Android One Device တွေမှာပဲ အသုံးပြုနိုင်ခဲ့တဲ့ Phone Dialer App ဖြစ်တဲ့ Google Phone App ကို တခြားသော စမတ်ဖုန်းတွေအတွက်ပါ ထုတ်ပေးခဲ့ပါတယ်။ အခုလည်း နောက်ထပ် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ရရှိလာတော့မှာဖြစ်ပါတယ်။

ဒါကတော့ Google ရဲ့ YouTube App တစ်ခုကနေ သိရှိလာခဲ့ရတာဖြစ်ပြီး Google Phone ဆိုတဲ့ နာမည်ကနေ Google Call ဆိုပြီး နာမည်ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Application ရဲ့ Logo ကလည်း လက်ရှိ အပြာရောင်ကနေ တခြားသော Google App Logo တွေလိုမျိုးပဲ Google ရဲ့ အရောင် ၄ မျိုးပါဝင်တဲ့ Logo အသစ်ကို ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

Google Phone Application ဟာ အဓိကအနေနဲ့ အသုံးပြုရတာရိုးရှင်းသလို Google Maps လိုမျိုး Location Service နဲ့ ချိတ်ဆက်ပြီး ဘယ်သူကနေ ဖုန်းဆက်လာလည်းဆိုတဲ့ Caller ID ကို ဖော်ပြနိုင်တာလိုမျိုး အားသာချက်တွေရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ Spam Call တွေကိုလည်း ကာကွယ်ပေးနိုင်ဦးမှာပါ။

နောက်ပြီး Pixel စမတ်ဖုန်းတွေမှာဆိုရင် Google ကနေ Assistant နဲ့သက်ဆိုင်တဲ့ Feature တွေဖြစ်တဲ့ Call Screening ၊ Hold For Me လိုမျိုး Feature တွေပါရရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Logo နဲ့ နာမည်ပြောင်းလဲတာက တခြားဖုန်းတွေအတွက်ပါ အဆိုပါ Feature တွေရရှိလာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – 9to5Google