Google ဟာ Smartwatch တွေအတွက် ကိုယ်ပိုင် Wear OS Platform ကို ထုတ်လုပ်ထားပြီးဖြစ်သလို Smartwatch နဲ့ Fitness Tracker ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fitbit ကိုလည်း ဝယ်ယူထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Samsung ရဲ့ Smartwatch OS တစ်ခုဖြစ်တဲ့ Tizen OS နဲ့လည်း Wear OS ကို ပူးပေါင်းထားခဲ့ပါသေးတယ်။

ဒါကြောင့် Google ကနေ ပထမဆုံး Smartwatch ဖြစ်လာမယ့် Pixel Watch ကို မိတ်ဆက်ဖို့ နီးစပ်နေပြီဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။ အခုလည်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ EV Leaks သို့မဟုတ် Evan Blass ကနေ Pixel Watch အကြောင်းကို ထပ်မံဖော်ပြခဲ့လိုက်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Google ဟာ Pixel Watch ကို မိတ်ဆက်ဖို့ အချိန်အလွန်နီးစပ်နေပြီဖြစ်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပြောကြားမှုမှာတော့ ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာကို အတိအကျဖော်ပြခဲ့ခြင်းမရှိဘဲ ၂၀၂၂ အတွင်းမိတ်ဆက်ဖို့ကတော့ သေချာတယ်လို့ပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

Google Pixel Watch ဟာဆိုရင် Codename အနေနဲ့ Pixel Rohan ဆိုပြီး ပေးထားတာဖြစ်ပြီး Wear OS 3.1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ လောလောဆယ်မှာ Google ကနေလာမယ့် မေလ ၁၁ ရက်နေ့မှာ Google I/O Event ကို ပြုလုပ်သွားဖို့ရှိနေတာကြောင့် အဆိုပါအချိန်မှာပဲ Pixel Watch ကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Google Pixel Watch ဟာ Design ပိုင်းအနေနဲ့ Circular Design ပြုလုပ်ထားမှာဖြစ်ပြီး High-end ECG Monitoring လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုလာမယ့် Processor ပိုင်းနဲ့ ပါဝင်မယ့် Feature အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China