ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်တိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် အနောက်နိုင်ငံတွေနဲ့ မော်စကိုတို့ကြားမှာ တင်းကြပ်တဲ့အရေးယူပိတ်ဆို့မှုတွေ ပေါ်ပေါက်လာပါတယ်။ ဒါ့အပြင် အခြားတင်းကြပ်တဲ့ လုပ်ရပ်တွေလည်း အရှိန်မြှင့်လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။

McDonald ရဲ့ ရုရှားဈေးကွက်ကနေ သည်းထိပ်ရင်ဖိုထွက်ပေါက်ရှာဖွေမှုအကြောင်း အသေးစိတ်ဇာတ်လမ်းတွေအပြီးမှာ တော့ Google ရဲ့ ဇာတ်လမ်းကို ဆက်ပြီးမြင်တွေ့ကြရမဲ့ပုံစံဖြစ်ပါတယ်။ Google ရဲ့ လုပ်ဆောင်မှုတွေကတော့ ဒေဝါလီခံဖို့ ပြင်ဆင်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

The Wall Street Journal ကနေတစ်ဆင့် ထုတ်ပြန်ကြေညာချက်အရ ကုမ္ပဏီရဲ့ သူ့ရဲ့ လုပ်ငန်းခွဲအနေနဲ့ ဖက်ဒရယ်အေးဂျင့်တွေက ဘဏ်အကောင့်ကိုသိမ်းယူပြီးတဲ့နောက် လုပ်ခလစာနဲ့ ပြေစာတွေဖြည့်ခြင်းလိုအလုပ်တွေ လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် YouTube မှာလည်း ယူကရိန်းက ရုရှားစစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်တဲ့ တားမြစ်အကြောင်းအရာတွေ လွှင့်တင်ခြင်းအတွက် တရားရုံးက ကုမ္ပဏီကို ဒဏ်ငွေ ရူဘယ် ၇.၂၂ ဘီလီယံ (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၁ သန်း) ချမှတ်မှာ ဖြစ်ပါတယ်။

ပူတင်အစိုးရက သူတို့ရဲ့ စစ်ရေးဆိုင်ရာအချက်အလက်နဲ့ပတ်သက်ပြီး မှားယွင်းတယ်လို့ ဆိုထားတဲ့အရာတွေကို ဖယ်ရှားဖို့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံတဲ့အတွက် Google နဲ့ အခြားသော Big Tech အင်အားစုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ်။

ဒါပေမဲ့ Google ကတော့ Android, Gmail, Maps, Play, Search နဲ့ YouTube စတာတွေကို နိုင်ငံတွင်းအခမဲ့အသုံးပြုနိုင်ဖို့ ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ တစ်ဖက်မှာတော့ ရုရှားဟာ SWIFT ကမ္ဘာ့ဘဏ်လုပ်ငန်းကွန်ရက်ကနေ ဖြတ်တောက်ခြင်းခံထားရတာကြောင့် Play Store မှာ Paid apps တွေကို ဆက်ပြီးထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ Kremlin ကျောထောက်နောက်ခံဖြစ်တဲ့ အစားထိုး Android App ဈေးကွက်အဖြစ် NashStore ဟာ Domestically-hosted apps ထောင်ကျော်နဲ့အတူ အွန်လိုင်းပေါ်ရောက်ရှိလာခဲ့ပါတယ်။

Ref: Android Police