GTA 6 မှာ Missions တွေ အောင်မြင်ပြီးတဲ့အခါ ငွေသား အစား Bitcoin လို Cryptocurrency ကို ဆုအနေနဲ့ ပေးမယ်လို့ သတင်းထွက်လာပါတယ်။ Tom Henderson က သတင်းပေးလိုက်တာ ဖြစ်ပြီး သူက In-game Currency မှာ Bitcoin ဟာ ငွေသားကို လုံးဝ အစားထိုးလို့ ရမှာ မဟုတ်ဘဲ ငွေသားပါ ပူးတွဲပေးမယ်လို့ ပြောပါတယ်။ သူက GTA 6 ရဲ့ ဈေးကွက် ပိုကြီးလာနိုင်ပြီး  Cryptocurrency မျိုးစုံ ပါလာနိုင်တယ်လို့ ပြောပါတယ်။

အဲဒီ Bitcoin တွေကို Mission တစ်ခု အောင်မြင်တိုင်း ပေးမှာ ဖြစ်ပေမယ့် ခြေရာခံလို့ မရတဲ့ ငွေကြေးကို လိုချင်တဲ့ နာမည်ကြီး ဂိမ်မာတွေကို အဓိကထားပေးနိုင်ပါတယ်။ Henderson က ဒီသတင်းဟာ သိပ်တော့ မသေချာသေးဘူးလို့ ပြောပါတယ်။

GTA 5 မှာ ကတည်းက ဆုအနေနဲ့ ပေးတဲ့ ငွေကြေးပုံစံတွေ ပြောင်းလာပါတယ်။ အခုခေတ်မှာ Cryptocurrency တွေဟာ ရေပန်းစားလာတဲ့အတွက် GTA 6 မှာ Cryptocurrency ပါလာမယ့် သတင်းက မှန်ကန်နိုင်ပါတယ်။

သတင်းတွေကတော့ မျိုးစုံထွက်နေတာပါပဲ။ တချို့တွေကလည်း Fans တွေကို လှည့်စားဖို့ သတင်းအတုတွေကို ထုတ်လွှင့်နေကြပါတယ်။

E3 2021 ကို ဒီနှစ်မှာ Take-Two Interactive တက်ရောက်မှာ ဖြစ်ပေမယ့် Rockstar က GTA 6 အကြောင်း အသေးစိတ်သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ အဲဒီပွဲမှာ Rockstar က နိုဝင်ဘာလမှာ PS5 နဲ့ Xbox Series X တို့အတွက် ထွက်မယ့် GTA 5 အကြောင်းကိုပဲ အသေးစိတ် ပြောပြနိုင်ပါတယ်။

Ref : techradar