Apple ရဲ့ AirPods Pro 2 ဟာ သတင်းတွေပဲ ဆက်တိုက်ပေါက်ကြားနေခဲ့ပေမယ့် အခုထိ တရားဝင် မိတ်မဆက်ရသေးပါဘူး။ အခုအချိန်မှာတော့ စက်တင်ဘာလ ၇ ရက်နေ့ ဒီနေ့မှာ ပြုလုပ်သွားမယ့် Apple Event မှာ AirPods Pro 2 ကို တရားဝင်မိတ်ဆက်ဖို့ သေချာသွားပြီဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Bloomberg Media က Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ iPhone 14 Series ဖုန်းတွေနဲ့အတူ AirPods Pro 2 ကို မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သူ့ရဲ့ Newsletter မှာရေးသားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် AirPods Pro 2 ကို တရားဝင်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

AirPods Pro 2 ဟာ Charging Case အနေနဲ့ လက်ရှိ AirPods Pro ထက် အနည်းငယ်အရွယ်အစားသေးငယ်မှာဖြစ်ပြီး Bluetooth 5.2 Codec ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Lossless Audio Codec ကိုပါ AirPods တွေမှာ ပထမဆုံးအနေနဲ့ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း AirPods Pro 2 ဟာ Charging Port မှာတော့ USB-C ကို ပြောင်းလဲအသုံးပြုထားမှာမဟုတ်သေးဘဲ Lightning Port ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Lightning Port အစား USB-C ကို ပြောင်းလဲအသုံးပြုလာဖွယ်ရှိနေပါတယ်။

Ref – 9to5mac