Bloomberg ရဲ့ Mark Gurman က iOS 18 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက iOS 18 ဟာ iOS သမိုင်းမှာ အကြီးမားဆုံး Software Update ၁ ခု ဖြစ်မယ်လို့ ပြောပါတယ်။

iOS 18: Apple's Revolutionary Software Overhaul Set to Redefine iPhone Experience - PUNE.NEWS

ကြီးမားတဲ့ ပြောင်းလဲမှု ၁ ခုက Messages App မှာ Rich Communication Services (RCS) ကို ထည့်သွင်းပေးမှာပါ။ Apple က iOS နဲ့ Android ဖုန်းအကြားမှာ Cross-platform Features တွေ ရစေမယ့် RCS ကို ၂၀၂၄ ခုနှစ်မှာ iPhone တွေမှာ ထည့်သွင်းပေးမယ်လို့ ကြေညာထားပြီးသားပါ။ အဲဒီ Features တွေထဲမှာ Resolution မြင့်တဲ့ မီဒီယာတွေ မျှဝေတာ၊ Group Chat တိုးတက်လာတာ၊ Read Receipts ၊ Typing Indicators ၊ တည်နေရာ မျှဝေတာနဲ့ WiFi ကနေ စာပို့တာတွေ ပါဝင်ပါတယ်။

Gurman: iOS 18 could be the biggest update in iPhone history

iOS 18 ရဲ့ နောက်ထပ် တိုးတက်မှုက Siri မှာ AI စွမ်းရည်ပါလာမှာပါ။ Gurman က Apple ဟာ ကိုယ်ပိုင် Large Language Model (LLM) နဲ့ iOS မှာ Generactive AI ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး Siri နဲ့ Messages လို တခြား Native App တွေကို အသွင်ပြောင်းမယ်လို့ ပြောပါတယ်။ AI Features အသစ်တွေဟာ မေးခွန်း ဖြေဆိုတာနဲ့ ဝါကျတွေကို အလိုအလျှောက် ရေးသားပေးတာအတွက် ပိုကောင်းလာမှာပါ။

Apple ဟာ Apple Music , Pages, Keynote , Xcode နဲ့ Shortcuts အတွက် Generative AI Features တွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။ iOS 18 ကို ဇွန်လမှာ WWDC မှာ ကြေညာမယ်လို့ ထင်ရတဲ့အတွက် လအနည်းငယ်လိုပါသေးတယ်။

Ref : gsmarena