ဟယ်ရီပေါ်တာဝတ္ထုဟာ လက်ရှိအချိန်မှာ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အနေနဲ့လည်း အောင်မြင်တဲ့ဇတ်လမ်းတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ တလောက နာမည်ကြီး ဖုန်းဂိမ်းတစ်ခုဖြစ်တဲ့ Pokemon Go ကိုထုတ်ခဲ့တဲ့ Game Developer တွေဖြစ်တဲ့ Niantic ကနေ ဟယ်ရီပေါ်တာမိုဘိုင်းဂိမ်းကို ထုတ်လုပ်မယ်လို့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။

အခုထွက်ရှိလာမယ့် ဟယ်ရီပေါ်တာဂိမ်းကို “Harry Potter : Wizards Unite” လို့ နာမည်ပေးထားပြီး လာမယ့် ၂၀၁၈ ခုနှစ်ထဲမှာ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဂိမ်းအကြောင်းကို အတိအကျဖော်ပြသွားခြင်းမရှိပေမယ့် အခု ဟယ်ရီပေါ်တာဂိမ်းက Pokemon Go လိုမျိုးပဲ AR Game တစ်ခုဖြစ်မှာဖြစ်ပြီး ဆော့ကစားသူတွေအနေနဲ့ နေရာအနှံ့လျှောက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဟယ်ရီပေါ်တာကို ချစ်တဲ့ပရိသတ်တွေအနေနဲ့ကတော့ ဒီလိုမျိုး မတူညီတဲ့ မှော်ပညာတွေ၊ ဗိုဒါမော့ဒ်အပါအဝင် ရန်သူတွေကို ချရမယ့် ဒီ မိုဘိုင်းဂိမ်းက အခြားသော ဟယ်ရီပေါ်တာဂိမ်းတွေနဲ့ မတူညီပဲ စိတ်လှုပ်ရှားစရာကောင်းနေမှာအမှန်ပါပဲ။

အဲ့တော့ Pokemon Go ဂိမ်းကိုလည်း ဆော့ကစားတဲ့လူအရမ်းများအောင် ပြုလုပ်နိုင်ခဲ့တဲ့ Niantic Game Developer တွေက အခု ဟယ်ရီပေါ်တာကိုရော အောင်မြင်အောင် လုပ်နိုင်မလားဆိုတာကို စောင့်ကြည့်လိုက်ရအောင်လား…။