Samsung ဟာ တခြား OEMs တွေ လျှောက်လှမ်းကြမဲ့လမ်းကြောင်းတစ်ခုကို ထပ်ပြီးပြသခဲ့ပြန်တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒါကတော့ ဖုန်းအသုံးပြုသူတွေအနေနဲ့ ကိုယ့်ဖုန်းကို ကိုယ်တိုင်ပြုပြင်နိုင်စေတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်တာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ တရားဝင် Samsung အစိတ်အပိုင်းတွေ၊ iFixit ကိရိယာတွေနဲ့ လမ်းညွှန်ချက်အဆင့်ဆင့်တွေကို အသုံးပြုပြီး သုံးစွဲသူတွေက သူတို့ရဲ့ Galaxy device တွေကို DIY ပြုပြင်စေနိုင်မဲ့ iFixit နဲ့ ထူးခြားတဲ့ပူးပေါင်းဆောင်ရွက်မှုကို ကြေညာခဲ့ပါတယ်။

သိပ်မကြာခင်ကပဲ Google ကလည်း တူညီတဲ့ DIY ပြုပြင်ရေးပလက်ဖောင်းဖြစ်တဲ့ iFixit နဲ့ ပူးပေါင်းပြီး Pixel စမတ်ဖုန်းအသုံးပြုသူတွေအတွက် အလားတူဝန်ဆောင်မှုကို ဖော်ပြခဲ့ပါတယ်။ ဒီတော့ Samsung အနေနဲ့ မတူညီတဲ့ အခြားလမ်းကြောင်းသစ်တစ်ခု သတ်မှတ်ထားသလားဆိုတဲ့ မေးခွန်းကိုဖြစ်ပေါ်စေပါတယ်။

Google က ဒီနှစ်နှောင်းပိုင်းမှာ Pixel 2 နဲ့ အထက်အတွက် သူ့ရဲ့ပြုပြင်ရေးဝန်ဆောင်မှုအသစ်ကို စတင်မယ်လို့ ဆိုပါတယ်။ Samsung သုံးစွဲသူတွေလိုပဲ Pixel အသုံးပြုသူတွေဟာ အစိတ်အပိုင်းတစ်ခုချင်းစီ၊ ဒါမှမဟုတ် iFixit Fix Kits တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို Samsung က ပထမဆုံးအနေနဲ့ ဈေးကွက်ထဲယူဆောင်ခဲ့ပေမဲ့ အမေရိကန်ဈေးကွက်မှာတော့ Google က စောင့်ကြိုနေပြီ ဖြစ်ပါတယ်။

Google ကလည်း Google Store ကတစ်ဆင့် Pixel line ရောင်းချတဲ့သူ့ရဲ့ဝန်ဆောင်မှုကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပဈေးကွက်တွေမှာ စတင်ဆောင်ရွက်နေပါပြီ။ ဒါကြောင့် Samsung ဟာ စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိပြီး သူ့ရဲ့ DIY ဝန်ဆောင်မှုကို ဘယ်လောက်အထိကျယ်ပြန့်အောင် လုပ်ဆောင်သွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: SAMMOBILE