အခုအချိန်မှာ Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ 5G Chipset ကိုပဲ အဓိကထားပြီး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 5G Network ကတော့ နိုင်ငံတိုင်းမှာမရရှိနိုင်သေးဘဲ 4G Network ဟာ အသုံးအများဆုံးဖြစ်နေဆဲပါ။

အဲ့ဒီအတွက် အခုလည်း Chipset ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ MediaTek ကနေ 4G Chipset အသစ်ဖြစ်တဲ့ Helio G96 Chipset ကို မိတ်ဆက်လိုက်ပါတယ်။ Helio G96 Chipset အပြင် G88 Chipset ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခင် G95 နဲ့ G85 Chipset တွေရဲ့ မျိုးဆက်သစ် Chipset တွေဖြစ်တယ်လို့ သိရပါတယ်။

Helio G96 Chipset ဟာဆိုရင် Cortex-A76 Core ၂ လုံးနဲ့ Cortex-A55 Core ၆ လုံးပါဝင်မှာဖြစ်ပြီး Clock Speed အနေနဲ့ အမြင့်ဆုံး 2.05GHz အထိရရှိမှာဖြစ်ပါတယ်။ GPU အနေနဲ့ကတော့ Mali-G57 MC2 ကိုပဲ အသုံးပြုထားတဲ့အတွက် GPU ပိုင်းမှာတော့ အနည်းငယ်အားနည်းတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် MediaTek Helio G96 Chipset ဟာ Full HD+ Resolution မှာ 120Hz Display တွေကို ထောက်ပံ့ပေးနိုင်ပြီဖြစ်သလို Camera ပိုင်းမှာလည်း 108MP Sensor တွေကိုပါ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါက ယခင် Helio G95 နဲ့ ယှဥ်ရင် သိသိသာသာတိုးတက်လာတာဖြစ်ပါတယ်။ Video Recording ပိုင်းမှာတော့ 4K 30fps ကိုပဲ Limit ပြုလုပ်ထားတုန်းဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ Cat 13 LTE Modern ၊ UFS 2.2 Storage နဲ့ Bluetooth 5.2 တွေကို ထည့်သွင်းပေးထားပါတယ်။ အလားတူ MediaTek Helio G88 Chipset ကလည်း CPU ၊ GPU ပိုင်းထက် Display နဲ့ Camera ပိုင်းမှာ အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

MediaTek ကတော့ အခု Helio G96 Chipset ကို ဘယ်စမတ်ဖုန်းတွေမှာ အစောဆုံးမိတ်ဆက်သွားမလဲဆိုတာကိုပြောကြားခဲ့ခြင်းမရှိပေမယ့် ယခုနှစ်မကုန်ခင်မှာ စတင်မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena