Samsung ဟာ ဇူလိုင်လမှာ One UI 6.0 Beta Program ကို စတင်မယ်လို့ ထင်ပါတယ်။ အခုတော့ SamMobile က Android 14 Update ရမယ့် Galaxy Device စာရင်းကို မျှဝေလိုက်ပါတယ်။

Here's a list of Samsung Galaxy devices eligible for Android 14 + One UI 6.0

Samsung ဟာ Update ပေးတဲ့ မူဝါဒကို ပိုမိုထင်သာမြင်သာရှိအောင်ပြုလုပ်ပေးလာတဲ့အတွက် အခုဆိုရင် Update ရနိုင်တဲ့ Device တွေကို ပိုမိုခန့်မှန်းလို့ရလာပါတယ်။ ဥပမာ Galaxy S21 Series က စတင်ကာ စွမ်းရည်မြင့် မော်ဒယ်တွေဟာ အဓိက Update ၄ ခုကို ရရှိကြပါတယ်။ နောက်ပိုင်းထွက်တဲ့ စွမ်းရည်သင့် မော်ဒယ်တွေလည်း အဓိက Update ၄ ခုရကြပြီး မော်ဒယ်အဟောင်းတွေက ၂ ခု ရကြပါတယ်။

Samsung's confirmed One UI 6.0 supported Galaxy device list: Is your phone eligible?

အဲဒီအတွက် Galaxy S21 နဲ့ နောက်ပိုင်းထုတ်တွေဟာ Galaxy Z Fold3/4 နဲ့ Z Flip3/4 တို့နဲ့အတူ Android 14 ကို ရမှာ သေချာပါတယ်။

စွမ်းရည်သင့် Galaxy A73, A72, A54, A53, A52, A34, A33, A24, A14, A13 နဲ့ A04s တို့ဟာ ဒီနှစ်မှာ နောက်ဆုံးထုတ် Android Version ကို ရကြမယ်လို့ ထင်ရပါတယ်။

Galaxy M54, M53 5G, M33 5G and the M23 နဲ့အတူ Galaxy F54, F23 , F14 5G တို့ဟာလည်း ရမယ့် စာရင်းထဲ ပါပါတယ်။ အရင်နှစ်ထုတ် Galaxy Xcover 6 Pro နဲ့ Galaxy Tab S8 Series လည်း ပါဝင်ကြပါတယ်။

အခုစာရင်းကို Samsung က တရားဝင် ကြေညာထားတာ မဟုတ်သေးတဲ့အတွက် စာရင်းမှာ တခြား Device တွေကို Samsung က ဖြည့်ထားနိုင်ပါသေးတယ်။

Ref : gsmarena