Android Open Source Project အဖွဲ့ဟာ “hibernation” လို့ခေါ်တဲ့ Feature သစ်တစ်ခုကို လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ဒီ Feature က အသုံးမပြုတဲ့ အက်ပလီကေးရှင်းတွေရဲ့ Memory footprint ကို လျှော့ချပေးလိမ့်မယ်လို့လည်း သိရပါတယ်။

အခုအချိန်အထိတော့ ဒီ Feature ကို ဖွံ့ဖြိုးမှုအစောပိုင်းကာလအနေနဲ့ပဲ တွေ့မြင်ရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် Android 12 မှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ (တရားဝင် ဖြန့်ချိမယ့်ရက်ကိုမဖော်ပြထားပေမယ့် Android 11 Developer Preview ကတော့ ၂၀၂၀ ဖေဖော်ဝါရီမှာ ထွက်ပေါ်လာခဲ့တာပါ) ဒါကြောင့် Android 12 Developer Preview ကိုလည်း မကြာခင်တွေ့မြင်ရဖွယ်ရှိပါတယ်။

Hibernation ဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ Multi-user device မှာ အသုံးပြုသူတစ်ဦးဟာ App တစ်ခုကို Hibernate လုပ်ဖို့ရွေးချယ်တယ်ဆိုရင်၊ အသုံးပြုသူနဲ့သက်ဆိုင်တဲ့ App cache ကို ဖယ်ရှားလိုက်ပြီး ဒီအတွက်နေရာလွတ်အနည်းငယ်ကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒါကို အစောပိုင်းကတည်းက အကောင်အထည်ဖော်ပြီးသား ဖြစ်ပါတယ်။

ဒီ Feature ရဲ့ နာမည်အရ App ကတော့ လုံးဝ ဖယ်ထုတ်ခြင်းခံရမယ့်ပုံစံမဟုတ်ပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း Cache clearing လုပ်နေတာနဲ့အတူ နေရာလွတ်ကိုဖြစ်စေမယ့် (Compress လုပ်ထားမယ့်) နည်းလမ်းတစ်ခုတော့ရှိမယ်လို့ ယူဆရပါတယ်။ အကယ်၍ အသုံးပြုသူက App ကို Hibernation လုပ်ထားရာကနေ နှိုးလိုက်မယ်ဆိုရင်တော့ Uncompressed ဖြစ်သွားမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena