[Zawgyi]

ၾသဂုတ္လ ၁ ရက္ေန႔တုန္းကပဲ Galaxy Watch Active 2 ရဲ႕ ႐ုပ္ပုံေတြ ထြက္ေပၚလာပါေသးတယ္။ Galaxy Watch Active 2 အေၾကာင္းသတင္းေတြက တစ္လနီးပါးေလာက္ ထြက္ေပၚေနေပမယ့္ ျပည့္ျပည့္စုံစုံေတာ့ မသိခဲ့ၾကရပါဘူး။

တရားဝင္ မေၾကညာရေသးခ်ိန္မွာ အရည္အေသြးျမင့္ ႐ုပ္ပုံေတြထြက္ေပၚလာဖို႔ အေတာ္ေလးေစာင့္ခဲ့ရေပမယ့္ အခုေတာ့ ၾကည္လင္ျပတ္သားတဲ့ Galaxy Watch Active 2 ေတြကို ျမင္ေတြ႕ရၿပီျဖစ္ပါတယ္။ Watch Active 2 ဟာ အေရာင္သုံးေရာင္နဲ႔ထြက္လာမယ္ဆိုတာ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကတည္းက သိရွိရၿပီးျဖစ္ပါတယ္။ သားေရလက္ပတ္ႀကိဳးအျပင္ ဆီလီကြန္ လက္ပတ္ႀကိဳးကလည္း လွပတဲ့ပုံစံအမ်ိဳးမ်ိဳးနဲ႔ ရရွိဦးမွာပါ။

ထြက္ေပၚလာတဲ့ ႐ုပ္ပုံတစ္ပုံကတစ္ဆင့္ ျမင္ေတြ႕ရတာက “Samsung Galaxy Watch” တိုင္းဟာ ေက်ာဘက္မွာ နာမည္ကို ေရးထိုးထားတယ္ဆိုတာပါပဲ။ အခုအခ်ိန္ထိ သိထားရသမွ်ဆိုရင္ ဒီစမတ္နာရီေတြဟာ အားကစားလႈပ္ရွားမႈနဲ႔ က်န္းမာေရးအတြက္ ေထာက္ပံ့မႈေတြ ေပးမွာျဖစ္ၿပီး 1.4-inch Super AMOLED မ်က္္ႏွာျပင္နဲ႔ ျဖစ္ပါတယ္။

Samsung Galaxy Watch Active 2 မွာအသုံးျပဳထားတာကေတာ့ Qualcomm chipset မဟုတ္ဘဲ Exynos 9110 ပဲ ျဖစ္မယ္လို႔ သိထားရပါတယ္။ 1.5GB RAM နဲ႔ 768MB internal memory ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဘက္ထရီအ႐ြယ္အစားကေတာ့ 247mAh နဲ႔ 340mAh တို႔ျဖစ္ၾကၿပီး Wi-Fi နဲ႔ LTE အမ်ိဳးအစားေတြ ျဖစ္ၾကမယ္လို႔လည္း သိရပါတယ္။ ေဈးႏႈန္းကေတာ့ $300 (ျမန္မာေငြ ၄သိန္းခြဲဝန္းက်င္) ေအာက္ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: Phone Arena

[Unicode]

Samsung Galaxy Watch Active 2 ရဲ့ အရည်အသွေးမြင့် ရုပ်ပုံများ ထွက်ပေါ်လာ

သြဂုတ်လ ၁ ရက်နေ့တုန်းကပဲ Galaxy Watch Active 2 ရဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာပါသေးတယ်။ Galaxy Watch Active 2 အကြောင်းသတင်းတွေက တစ်လနီးပါးလောက် ထွက်ပေါ်နေပေမယ့် ပြည့်ပြည့်စုံစုံတော့ မသိခဲ့ကြရပါဘူး။

တရားဝင် မကြေညာရသေးချိန်မှာ အရည်အသွေးမြင့် ရုပ်ပုံတွေထွက်ပေါ်လာဖို့ အတော်လေးစောင့်ခဲ့ရပေမယ့် အခုတော့ ကြည်လင်ပြတ်သားတဲ့ Galaxy Watch Active 2 တွေကို မြင်တွေ့ရပြီဖြစ်ပါတယ်။ Watch Active 2 ဟာ အရောင်သုံးရောင်နဲ့ထွက်လာမယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သိရှိရပြီးဖြစ်ပါတယ်။ သားရေလက်ပတ်ကြိုးအပြင် ဆီလီကွန် လက်ပတ်ကြိုးကလည်း လှပတဲ့ပုံစံအမျိုးမျိုးနဲ့ ရရှိဦးမှာပါ။

ထွက်ပေါ်လာတဲ့ ရုပ်ပုံတစ်ပုံကတစ်ဆင့် မြင်တွေ့ရတာက “Samsung Galaxy Watch” တိုင်းဟာ ကျောဘက်မှာ နာမည်ကို ရေးထိုးထားတယ်ဆိုတာပါပဲ။ အခုအချိန်ထိ သိထားရသမျှဆိုရင် ဒီစမတ်နာရီတွေဟာ အားကစားလှုပ်ရှားမှုနဲ့ ကျန်းမာရေးအတွက် ထောက်ပံ့မှုတွေ ပေးမှာဖြစ်ပြီး 1.4-inch Super AMOLED မျက််နှာပြင်နဲ့ ဖြစ်ပါတယ်။ Resolution ကတော့ 360 x 36 pixels ပါ။

Samsung Galaxy Watch Active 2 မှာအသုံးပြုထားတာကတော့ Qualcomm chipset မဟုတ်ဘဲ Exynos 9110 ပဲ ဖြစ်မယ်လို့ သိထားရပါတယ်။ 1.5GB RAM နဲ့ 768MB internal memory ဖြစ်တယ်လို့လည်း သိရပါတယ်။ ဘက်ထရီအရွယ်အစားကတော့ 247mAh နဲ့ 340mAh တို့ဖြစ်ကြပြီး Wi-Fi နဲ့ LTE အမျိုးအစားတွေ ဖြစ်ကြမယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းကတော့ $300 (မြန်မာငွေ ၄သိန်းခွဲဝန်းကျင်) အောက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: Phone Arena