တရုတ် Electronic Brand တစ်ခုဖြစ်တဲ့ Hisense ဟာ အခုနောက်ဆုံး လက်ရှိဈေးအကြီးဆုံး TV တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာတဲ့ လက်မ ၁၀၀ 4K Laser TV ကို စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ 4K Laser TV က ဈေးနှုန်းအတိအကျအနေနဲ့ ဒေါ်လာ ၉၉၉၉ ရှိတဲ့အတွက် မြန်မာငွေနဲ့ဆိုရင် သိန်း ၁၄၀ နီးပါးရှိမှာဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ၁သောင်းတန် Hisense 100-Inch 4K Laser TV ကို Model နံပါတ် 100L8D လို့ခေါ်ဆိုပြီးတော့ အဆိုပါ TV ဟာ ဒီနှစ်အစောပိုင်းက Consumer Electronic Show မှာ ပြသခဲ့တဲ့ 100H10D Model နဲ့ တူညီတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ယခုထွက်ရှိလာတဲ့ 100L8D Model က HDR 10 ကို ထောက်ပံ့ပေးနိုင်တယ်အတွက် ပိုပြီး အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။

ဘာလို့ ဒီလောက်ထိ ဈေးကြီးနေတာလဲဆိုရင် အဆိုပါ Hisense 4K Laser TV က သာမန် LCD ဒါမှမဟုတ် LED TV မျိုးမဟုတ်ပဲနဲ့ Laser နည်းပညာသုံးထားတဲ့ အလွန်သေးငယ်တဲ့ Short-throw Projector တွေက Pixels ပေါင်း ၈ သန်းကျော်ကို Screen မှာပေါ်နေအောင် ပြသပေးလို့ပဲဖြစ်ပါတယ်။ အဆိုပါ Laser နည်းပညာသုံးထားတဲ့ Light Source ဟာ အလင်းအား 3000 Lumens အထိရှိတဲ့အတွက် ဘယ်အချိန်တွေမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

အခုလိုမျိုး LCD နဲ့ LED အစား Laser နည်းပညာကို အသုံးပြုတာက အခြားနည်းပညာတွေထက် ပိုပြီး သက်တမ်းရှည်ကြာစွာခံနိုင်ပြီး အနည်းဆုံး နာရီ ၂၀၀၀၀ လောက်အထိ အေးဆေးအသုံးပြုနိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ချက်တော့ ပြင်ပမှာ မြင်နေရတဲ့အတိုင်း အသေးစိတ်ကျပြီး အနိုစိတ်တဲ့ အရောင်တွေကို တွေ့မြင်ရမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

အဆိုပါ TV မှာ 110 Watt Harman Kardon Speaker တွေပါဝင်မှာဖြစ်ပြီး Wireless Subwoofer နဲ့ Side Speaker ၂ ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် TV တစ်ခုကို ဒေါ်လာ ၁ သောင်းပေးဖို့ကတော့ များပြားလွန်းတယ်ပဲ ထင်မိပါတယ်။