COVID-19 ခေါ် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ကုမ္ပဏီတော်တော်များများက နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။ အဲဒီအတွက် လုပ်ငန်း လည်ပတ်မှု နောက်ကျတာတွေ ဖြစ်နေပြီး HMD ကလည်း Android 10 ဖြန့်ချိမယ့် အချိန်ကို နောက်ဆုတ်လိုက်ပါတယ်။

အထက်မှာ Android 10 ဖြန့်ချိမယ့် အချိန်စာရင်း အသစ်ကို လေ့လာနိုင်ပါတယ်။ Nokia 2.2 အတွက် မတ်လ နှောင်းပိုင်းကို နောက်ဆုတ်လိုက်ပြီး Nokia 2.3, 3.2, 4.2, 6.2, 7.2, 3.1 Plus နဲ့ 8 Sirocco တို့အတွက် မတ်လကုန်မှာ ဖြန့်ချိပေးမှာပါ။ Nokia 5.1 Plus နဲ့ 1 Plus တို့ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း ရကြမှာပါ။

HMD က မော်ဒယ်တချို့အတွက်ပဲ နောက်ဆုတ်လိုက်တာ ဖြစ်ပြီး ကျန်တဲ့ဖုန်းတော်တော်များများအတွက် ကွာတား ၂ ကုန်မှာ ဖြန့်ချိပေးမှာပါ။  Nokia 8 လို တချို့ဖုန်းတွေဟာ Android 9 Pie ကိုပဲ ဆက်သုံးကြရမှာပါ။

HMD က Android 10 ဖြန့်ချိပေးမယ့် Device စာရင်း အဟောင်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ကြေညာပေးခဲ့တာ ဖြစ်ပြီး အဲဒီ စာရင်း အဟောင်းကို အထက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena