[Zawgyi]

နာမည္ေက်ာ္ ဖုန္း ကုမၸဏီေတြဟာ အနည္းဆံုး 5G Phone ၁ လံုးကို ေၾကညာထားၾကေပမယ့္ HMD Global ရဲ႕ 5G Phone သတင္းကိုေတာ့ မၾကားရေသးပါဘူး။ အခုေတာ့ HMD Global ရဲ႕ ထုတ္ကုန္ အႀကီးအကဲ Juho Sarvikas က ၂၀၂၀ မွာ ေစ်းသက္သာတဲ့ 5G Phone ကို ေရာင္းမယ္လို႔ Digital Trends ကို ေျပာပါတယ္။

Sarvikas က Nokia 5G Phone ဟာ လက္ရွိ 5G Phones ေစ်းႏႈန္းေတြရဲ႕တစ္၀က္ေလာက္သာရွိမယ္လို႔ ေျပာပါတယ္။ Huawei , LG နဲ႔ Samsung တို႔ရဲ႕ 5G Phone ေတြဟာ ေဒၚလာ ၁,၀၀၀ နဲ႔အထက္မွာ ရွိၿပီး ျမန္မာေငြ ၁,၅၀၀,၀၀၀ သိန္းေလာက္ရွိပါတယ္။ အဲဒီအတြက္ Nokia 5G Phone ဟာ ေဒၚလာ ၅၀၀ ေလာက္သာရွိမွာျဖစ္ၿပီး ျမန္မာေငြ ၇၅၀,၀၀၀ ေလာက္သာ ရွိႏုိင္ပါတယ္။ Xiaomi ရဲ႕ Mi Mix 3 5G ကေတာ့ လက္ရွိ ဖုန္းေတြထဲမွာ ေစ်းသက္သာၿပီး ၆၆၄ ေဒၚလာသာ ရွိၿပီး ျမန္မာေငြ ၁,၀၀၀,၀၀၀ ေလာက္ က်သင့္မွာပါ။

Sarvikas က “ ေစ်းသက္သာတဲ့ 5G Phone ေစ်းကြက္ဟာ အလားအလာရွိပါတယ္။ လက္ရွိဖုန္းေတြထက္ တစ္၀က္ေလာက္ ေစ်းသက္သာေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ လက္ရွိ 5G Phone ေတြရဲ႕ ေစ်းဟာ အရမ္းျမင့္မားေနတဲ့ အတြက္ လူအမ်ားစု မကိုင္ႏုိင္ၾကေသးပါဘူး။ ေစ်းသက္သာတဲ့ 5G Phone ေတြ ေပၚလာမွပဲ လူအမ်ားစု ကိုင္ႏုိင္ၾကမွာျဖစ္ပါတယ္။ ၂၀၂၀ မွာေတာ့ 5G Network ရတဲ့ ႏိုင္ငံေတြ ပိုမ်ားလာမွာျဖစ္ၿပီး 5G Phone ေတြ ေစ်းသက္သာလာမွာပါ။

Ref : androidauthority

[Unicode]

ဈေးသက်သာတဲ့ Nokia 5G Phone ကို ၂၀၂၀ မှာ ရောင်းမည်

နာမည်ကျော် ဖုန်း ကုမ္ပဏီတွေဟာ အနည်းဆုံး 5G Phone ၁ လုံးကို ကြေညာထားကြပေမယ့် HMD Global ရဲ့ 5G Phone သတင်းကိုတော့ မကြားရသေးပါဘူး။ အခုတော့ HMD Global ရဲ့ ထုတ်ကုန် အကြီးအကဲ Juho Sarvikas က ၂၀၂၀ မှာ ဈေးသက်သာတဲ့ 5G Phone ကို ရောင်းမယ်လို့ Digital Trends ကို ပြောပါတယ်။

Sarvikas က Nokia 5G Phone ဟာ လက်ရှိ 5G Phones စျေးနှုန်းတွေရဲ့ တစ်ဝက်လောက်သာရှိမယ်လို့ ပြောပါတယ်။ Huawei , LG နဲ့ Samsung တို့ရဲ့ 5G Phone တွေဟာ ဒေါ်လာ ၁,၀၀၀ နဲ့အထက်မှာ ရှိပြီး မြန်မာငွေ ၁,၅၀၀,၀၀၀ သိန်းလောက်ရှိပါတယ်။ အဲဒီအတွက် Nokia 5G Phone ဟာ ဒေါ်လာ ၅၀၀ လောက်သာရှိမှာဖြစ်ပြီး မြန်မာငွေ ၇၅၀,၀၀၀ လောက်သာ ရှိနိုင်ပါတယ်။ Xiaomi ရဲ့ Mi Mix 3 5G ကတော့ လက်ရှိ ဖုန်းတွေထဲမှာ ဈေးသက်သာပြီး ၆၆၄ ဒေါ်လာသာ ရှိပြီး မြန်မာငွေ ၁,၀၀၀,၀၀၀ လောက် ကျသင့်မှာပါ။

Sarvikas က “ ဈေးသက်သာတဲ့ 5G Phone ဈေးကွက်ဟာ အလားအလာရှိပါတယ်။ လက်ရှိဖုန်းတွေထက် တစ်ဝက်လောက် ဈေးသက်သာအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ လက်ရှိ 5G Phone တွေရဲ့ ဈေးဟာ အရမ်းမြင့်မားနေတဲ့ အတွက် လူအများစု မကိုင်နိုင်ကြသေးပါဘူး။ ဈေးသက်သာတဲ့ 5G Phone တွေ ပေါ်လာမှပဲ လူအများစု ကိုင်နိုင်ကြမှာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ 5G Network ရတဲ့ နိုင်ငံတွေ ပိုများလာမှာဖြစ်ပြီး 5G Phone တွေ ဈေးသက်သာလာမှာပါ။

Ref : androidauthority