[Zawgyi]

ၿပီးခဲ့တဲ့လတုန္းက ႐ုရွားေဈးကြက္မွာ Honor 10i ကို ေၾကညာခဲ့ပါတယ္။ ႐ုရွားမွာ ေၾကညာခဲ့တဲ့ အမ်ိဳးအစားဟာ Honor 10 Lite နဲ႔ Spec ပိုင္းက အေတာ္ေလး တူညီပါတယ္။ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားတဲ့ ဒီစမတ္ဖုန္းဟာ Kirin 710 chipset သုံးထားၿပီး 4GB of RAM နဲ႔ 128GB storage ကို တြဲဖက္ထားတာပါ။

ဒီစမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ရက္တုန္းက TENNA မွာ ေပၚထြက္လာတာကို ျမင္ေတြ႕ရၿပီ ျဖစ္ပါတယ္။ ေမာ္ဒယ္ နံပါတ္ကေတာ့ HRY-TL00T နဲ႔ HRY-AL00Ta ဆိုၿပီးေတာ့ ေတြ႕ျမင္ရတာပါ။ Specs ေတြကို ၾကည့္ရသေလာက္ဆိုရင္ေတာ့ 6GB RAM နဲ႔အမ်ိဳးအစားက တ႐ုတ္ေဈးကြက္အတြက္ ျဖစ္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

အခုထြက္ေပၚလာတဲ့ အခ်က္အလက္ေတြကို ၾကည့္ရင္ Memory ပမာဏ ပိုမ်ားလာေပမယ့္ က်န္တဲ့ Specs ေတြကေတာ့ အတူတူပဲလို႔ ဆိုႏိုင္ပါတယ္။ Honor 10i အတြက္ Kirin 710 chipset ကိုပဲ သုံးထားတာပါ။ မ်က္ႏွာျပင္ကေတာ့ 6.21-inch ျဖစ္ၿပီး LCD အမ်ိဳးအစားျဖစ္ပါတယ္။

မ်က္ႏွာျပင္ေပၚမွာ Waterdrop Notch ပါဝင္ၿပီး ဒီထဲမွာေတာ့ 32MP Selfie ကင္မရာကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ေက်ာဘက္က ကင္မရာသုံးလုံးကေတာ့ 24 MP f/1.8 အဓိက ကင္မရာကို 8 MP f/2.4 (ultra-wide-angle) ကင္မရာ၊ 2 MP (depth sensor) ကင္မရာေတြနဲ႔ တြဲဖက္ေပးထားတာ ျဖစ္ပါတယ္။

HRY-TL00T အမ်ိဳးအစားကေတာ့ 4/128GB အနနဲ႔ပဲ ေတြ႕ျမင္ရၿပီး HRY-AL00Ta အမ်ိဳးအစားမွာေတာ့ 4/64 GB, 6/64 GB, နဲ႔ 6/128 GB ဆိုၿပီး ေ႐ြးခ်ယ္စရာေတြကို ေတြ႕ျမင္ရပါတယ္။ OS ကေတာ့ Pie ကို အေျခခံထားတဲ့ EMUI 9.0 ပါပဲ။ ေဈးႏႈန္းကေတာ့ ႐ုရွားေဈးကြက္မွာ သတ္မွတ္ေဈးႏႈန္းျဖစ္တဲ့ $300 (၄ သိန္း ၅ ေသာင္းခြဲဝန္းက်င္) ထက္ေတာ့ နည္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

TENAA မှာ 6GB RAM နဲ့ မြင်တွေ့ရတဲ့ Honor 10i

ပြီးခဲ့တဲ့လတုန်းက ရုရှားဈေးကွက်မှာ Honor 10i ကို ကြေညာခဲ့ပါတယ်။ ရုရှားမှာ ကြေညာခဲ့တဲ့ အမျိုးအစားဟာ Honor 10 Lite နဲ့ Spec ပိုင်းက အတော်လေး တူညီပါတယ်။ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားတဲ့ ဒီစမတ်ဖုန်းဟာ Kirin 710 chipset သုံးထားပြီး 4GB of RAM နဲ့ 128GB storage ကို တွဲဖက်ထားတာပါ။

ဒီစမတ်ဖုန်းဟာ ပြီးခဲ့တဲ့ရက်တုန်းက TENNA မှာ ပေါ်ထွက်လာတာကို မြင်တွေ့ရပြီ ဖြစ်ပါတယ်။ မော်ဒယ် နံပါတ်ကတော့ HRY-TL00T နဲ့ HRY-AL00Ta ဆိုပြီးတော့ တွေ့မြင်ရတာပါ။ Specs တွေကို ကြည့်ရသလောက်ဆိုရင်တော့ 6GB RAM နဲ့အမျိုးအစားက တရုတ်ဈေးကွက်အတွက် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ကြည့်ရင် Memory ပမာဏ ပိုများလာပေမယ့် ကျန်တဲ့ Specs တွေကတော့ အတူတူပဲလို့ ဆိုနိုင်ပါတယ်။ Honor 10i အတွက် Kirin 710 chipset ကိုပဲ သုံးထားတာပါ။ မျက်နှာပြင်ကတော့ 6.21-inch ဖြစ်ပြီး LCD အမျိုးအစားဖြစ်ပါတယ်။

မျက်နှာပြင်ပေါ်မှာ Waterdrop Notch ပါဝင်ပြီး ဒီထဲမှာတော့ 32MP Selfie ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ကျောဘက်က ကင်မရာသုံးလုံးကတော့ 24 MP f/1.8 အဓိက ကင်မရာကို 8 MP f/2.4 (ultra-wide-angle) ကင်မရာ၊ 2 MP (depth sensor) ကင်မရာတွေနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။

HRY-TL00T အမျိုးအစားကတော့ 4/128GB အနနဲ့ပဲ တွေ့မြင်ရပြီး HRY-AL00Ta အမျိုးအစားမှာတော့ 4/64 GB, 6/64 GB, နဲ့ 6/128 GB ဆိုပြီး ရွေးချယ်စရာတွေကို တွေ့မြင်ရပါတယ်။ OS ကတော့ Pie ကို အခြေခံထားတဲ့ EMUI 9.0 ပါပဲ။ ဈေးနှုန်းကတော့ ရုရှားဈေးကွက်မှာ သတ်မှတ်ဈေးနှုန်းဖြစ်တဲ့ $300 (၄ သိန်း ၅ သောင်းခွဲဝန်းကျင်) ထက်တော့ နည်းမယ်လို့ မျှော်လင့်ရပါတယ်။
Ref: GSMArena