[Zawgyi]

ၿပီးခဲ့တဲ့တစ္ပတ္က Honor 20 Lite ကို (Youth Edition လို႔လည္း ဆိုပါတယ္) တ႐ုတ္ႏိုင္ငံတြင္းမွာ ေရာင္းခ်ေပးမယ္ဆိုတဲ့အေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါတယ္။ Honor ရဲ႕ ဒီဟန္းဆက္သစ္ဟာ အမ်ိဳးသမီးေတြအႀကိဳက္ ဒီဇိုင္းနဲ႔ထြက္လာမွာျဖစ္ၿပီး ကင္မရာပိုင္းဆိုင္ရာေကာင္းမြန္သလို၊ ေဈးႏႈန္းကလည္း ခ်ိဳသာမယ္လို႔ သိရပါတယ္။

ဒီတစ္ပတ္မွာေတာ့ Honor ဟာ ထုတ္ကုန္သစ္ကို မိတ္ဆက္မယ့္ရက္ သတ္မွတ္ေၾကညာလိုက္ပါတယ္။ Honor 20 Lite ကို ေအာက္တိုဘာ ၁၅ ရက္မွာ မိတ္ဆက္ေရာင္းခ်မွာျဖစ္ၿပီး အေရာင္ေတြကေတာ့ တကယ့္ကို အမ်ိဳးသမီးႀကိဳက္အေရာင္ေတြလို႔ပဲ ဆိုရမွာပါ။

Honor 20 Lite ရဲ႕ပကတိ႐ုပ္ပုံကိုမျမင္ရေသးေပမယ့္ ကုမၸဏီရဲ႕ Chief Brand Officer Ms. Xiaoyun Zhang မွ်ေဝထားတဲ့ Paint job ႐ုပ္ပုံအခ်ိဳ႕ေတာ့ ျမင္ေတြ႕ရၿပီ ျဖစ္ပါတယ္။ ေရာင္ေျပးေတြကို အသုံးျပဳထားတာျဖစ္ၿပီး ပန္းေရာင္၊ လိေမၼာ္ေရာင္၊ အျပာ၊ အစိမ္း၊ ခရမ္း စတာေတြ ေရာယွက္ထားတယ္လို႔ ဆိုႏိုင္ပါတယ္။

Honor 20 Lite ဟာ အေရာင္တင္မကပါဘူး အတြင္းအစိတ္အပိုင္းကလည္း စိတ္ဝင္စားစရာပါ။ TENAA မွာ LRA-AL00 ကုဒ္နံပါတ္နဲ႔ေတြ႕ခဲ့ရတုန္းက ဒီဟန္းဆက္ဟာ Kirin 810 chipset ကို အသုံးျပဳထားဖြယ္ရွိတာကို ေတြ႕ရပါတယ္။ ေက်ာဘက္မွာလည္း Fingerprint scanner ကို မေတြ႕ရတာကလည္း စိတ္ဝင္စားစရာပါ။ 4/6/8GB of RAM ေတြျဖစ္ၿပီး 256GB သိုေလွာင္မႈပမာဏျဖစ္ပါတယ္။

မ်က္ႏွာျပင္ဟာ 6.3-inch OLED panes ျဖစ္ၿပီး 2400 x 1080 pixels resolution ျဖစ္ပါတယ္။ ကင္မရာပိုင္းကို ၾကည့္မယ္ဆိုရင္လည္း 48MP အဓိကကင္မရာကို 8MP နဲ႔ 2MP depth sensor တို႔က ေထာက္ကူေပးထားတာေတြ႕ရပါတယ္။ အေရွ႕ဘက္မွာေတာ့ Waterdrop notch နဲ႔အတူ 16MP Selfie ကင္မရာတစ္လုံး တပ္ဆင္ေပးထားမွာပါ။

ဘက္ထရီကေတာ့ 3,900mAh ပမာဏကို ထည့္သြင္းေပးထားပါတယ္။ OS ကေတာ့ (EMUI ကို Honor ေတြအတြက္ နာမည္ေျပာင္းေပးထားတဲ့) Android Pie အေျခခံ Magic UI 2.0 ျဖစ္ပါတယ္။ Mid-range ေဈးကြက္ကို ပစ္မွတ္ထားတာေၾကာင့္ ေဈးလည္း သိပ္မႀကီးဘူးလို႔ ယူဆရပါတယ္။ ခန႔္မွန္းေျခအားျဖင့္ $250 ဝန္းက်င္ (၄ သိန္းေအာက္) ျဖစ္ႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

Honor 20 Lite အသစ်ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ တရုတ်ပြည်ဈေးကွက်ထဲ မိတ်ဆက်မယ်

ပြီးခဲ့တဲ့တစ်ပတ်က Honor 20 Lite ကို (Youth Edition လို့လည်း ဆိုပါတယ်) တရုတ်နိုင်ငံတွင်းမှာ ရောင်းချပေးမယ်ဆိုတဲ့အကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Honor ရဲ့ ဒီဟန်းဆက်သစ်ဟာ အမျိုးသမီးတွေအကြိုက် ဒီဇိုင်းနဲ့ထွက်လာမှာဖြစ်ပြီး ကင်မရာပိုင်းဆိုင်ရာကောင်းမွန်သလို၊ ဈေးနှုန်းကလည်း ချိုသာမယ်လို့ သိရပါတယ်။

ဒီတစ်ပတ်မှာတော့ Honor ဟာ ထုတ်ကုန်သစ်ကို မိတ်ဆက်မယ့်ရက် သတ်မှတ်ကြေညာလိုက်ပါတယ်။ Honor 20 Lite ကို အောက်တိုဘာ ၁၅ ရက်မှာ မိတ်ဆက်ရောင်းချမှာဖြစ်ပြီး အရောင်တွေကတော့ တကယ့်ကို အမျိုးသမီးကြိုက်အရောင်တွေလို့ပဲ ဆိုရမှာပါ။

Honor 20 Lite ရဲ့ပကတိရုပ်ပုံကိုမမြင်ရသေးပေမယ့် ကုမ္ပဏီရဲ့ Chief Brand Officer Ms. Xiaoyun Zhang မျှဝေထားတဲ့ Paint job ရုပ်ပုံအချို့တော့ မြင်တွေ့ရပြီ ဖြစ်ပါတယ်။ ရောင်ပြေးတွေကို အသုံးပြုထားတာဖြစ်ပြီး ပန်းရောင်၊ လိမ္မော်ရောင်၊ အပြာ၊ အစိမ်း၊ ခရမ်း စတာတွေ ရောယှက်ထားတယ်လို့ ဆိုနိုင်ပါတယ်။

Honor 20 Lite ဟာ အရောင်တင်မကပါဘူး အတွင်းအစိတ်အပိုင်းကလည်း စိတ်ဝင်စားစရာပါ။ TENAA မှာ LRA-AL00 ကုဒ်နံပါတ်နဲ့တွေ့ခဲ့ရတုန်းက ဒီဟန်းဆက်ဟာ Kirin 810 chipset ကို အသုံးပြုထားဖွယ်ရှိတာကို တွေ့ရပါတယ်။ ကျောဘက်မှာလည်း Fingerprint scanner ကို မတွေ့ရတာကလည်း စိတ်ဝင်စားစရာပါ။ 4/6/8GB of RAM တွေဖြစ်ပြီး 256GB သိုလှောင်မှုပမာဏဖြစ်ပါတယ်။

မျက်နှာပြင်ဟာ 6.3-inch OLED panes ဖြစ်ပြီး 2400 x 1080 pixels resolution ဖြစ်ပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း 48MP အဓိကကင်မရာကို 8MP နဲ့ 2MP depth sensor တို့က ထောက်ကူပေးထားတာတွေ့ရပါတယ်။ အရှေ့ဘက်မှာတော့ Waterdrop notch နဲ့အတူ 16MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမှာပါ။

ဘက်ထရီကတော့ 3,900mAh ပမာဏကို ထည့်သွင်းပေးထားပါတယ်။ OS ကတော့ (EMUI ကို Honor တွေအတွက် နာမည်ပြောင်းပေးထားတဲ့) Android Pie အခြေခံ Magic UI 2.0 ဖြစ်ပါတယ်။ Mid-range ဈေးကွက်ကို ပစ်မှတ်ထားတာကြောင့် ဈေးလည်း သိပ်မကြီးဘူးလို့ ယူဆရပါတယ်။ ခန့်မှန်းခြေအားဖြင့် $250 ဝန်းကျင် (၄ သိန်းအောက်) ဖြစ်နိုင်ပါတယ်။

Ref: GSM Arena