[Zawgyi]

Honor 20 ဟာ လာမယ့္ ေမလ ၂၁ ရက္ေန႔မွာ Pro Version နဲ႔အတူ တရားဝင္မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ မိတ္မဆက္ခင္ တစ္ပတ္ေလာက္အလိုမွာေတာ့ Geekbench ကေနတစ္ဆင့္ Honor 20 ရဲ႕ Specs အခ်ိဳ႕ကို ေတြ႕ျမင္ခြင့္ရလိုက္ၿပီ ျဖစ္ပါတယ္။

Honor 20 ဟာ Geekbench မွာ 3278 single-core score နဲ႔ 9709 multi-core ရမွတ္ေတြကို ရရွိထားတာလည္း ေတြ႕ျမင္ရပါတယ္။ ဒီရမွတ္ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ Mate 20 series နဲ႔ သိပ္ၿပီးမကြာျခားဘူးလို႔ ဆိုရမွာပါ။ Kirin 980 chipset သုံးထားတဲ့ အျခားစမတ္ဖုန္းေတြနဲ႔ ရမွတ္ခ်င္း သိပ္ၿပီးကြာျခားမႈမရွိတာေၾကာင့္ အံ့ၾသစရာမရွိပါဘူး။

Honor 20 မွာ အနိမ့္ဆုံး 6GB of RAM သုံးေပးထားမယ္လို႔ သိရၿပီး 8GB version လည္း ရွိဦးမယ္လို႔ သိရပါတယ္။ Geekbench အရ Honor 20 ဟာ ထြက္လာခ်ိန္မွာ Android 9.0 နဲ႔ျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။ ကင္မရာပိုင္းဆိုင္ရာနဲ႔ အျခားအခ်က္အလက္ အေသးစိတ္ေတြကို မသိရေသးေပမယ့္ ေက်ာဘက္ကင္မရာ သုံးလုံး မ်က္ႏွာျပင္မွာ Punch-hole နဲ႔ဆိုတာကေတာ့ ေသခ်ာေနၿပီလို႔ ေျပာႏိုင္ပါတယ္။

Honor 20 ဟာ 6.1-inch အ႐ြယ္ မ်က္ႏွာျပင္နဲ႔ ျဖစ္ၿပီး Pro version ကေတာ့ မ်က္ႏွာျပင္ အ႐ြယ္အစား ပိုႀကီးမွာ ျဖစ္ပါတယ္။ Honor 20 Pro ဟာ ေက်ာဘက္ကင္မရာ ၄ လုံးျဖစ္မယ္လို႔ သတင္းႀကီးေနပါတယ္။ Honor 20 ဟာ UD fingerprint ပါဝင္မယ္၊ မပါဝင္ဘူးဆိုတာလည္း အခုထိ တိတိက်က် မသိရေသးပါဘူး။ ဒါေပမယ့္ Pro version မွာေတာ့ UD fingerprint နဲ႔ ျဖစ္ဖို႔ ရာႏႈန္းအေတာ္မ်ားမ်ား ေသခ်ာေနၿပီ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Geekbench မှာ မြင်တွေ့လာရပြီဖြစ်တဲ့ Honor 20

Honor 20 ဟာ လာမယ့် မေလ ၂၁ ရက်နေ့မှာ Pro Version နဲ့အတူ တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်မဆက်ခင် တစ်ပတ်လောက်အလိုမှာတော့ Geekbench ကနေတစ်ဆင့် Honor 20 ရဲ့ Specs အချို့ကို တွေ့မြင်ခွင့်ရလိုက်ပြီ ဖြစ်ပါတယ်။

Honor 20 ဟာ Geekbench မှာ 3278 single-core score နဲ့ 9709 multi-core ရမှတ်တွေကို ရရှိထားတာလည်း တွေ့မြင်ရပါတယ်။ ဒီရမှတ်တွေဟာ ပြီးခဲ့တဲ့နှစ် Mate 20 series နဲ့ သိပ်ပြီးမကွာခြားဘူးလို့ ဆိုရမှာပါ။ Kirin 980 chipset သုံးထားတဲ့ အခြားစမတ်ဖုန်းတွေနဲ့ ရမှတ်ချင်း သိပ်ပြီးကွာခြားမှုမရှိတာကြောင့် အံ့သြစရာမရှိပါဘူး။

Honor 20 မှာ အနိမ့်ဆုံး 6GB of RAM သုံးပေးထားမယ်လို့ သိရပြီး 8GB version လည်း ရှိဦးမယ်လို့ သိရပါတယ်။ Geekbench အရ Honor 20 ဟာ ထွက်လာချိန်မှာ Android 9.0 နဲ့ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာပိုင်းဆိုင်ရာနဲ့ အခြားအချက်အလက် အသေးစိတ်တွေကို မသိရသေးပေမယ့် ကျောဘက်ကင်မရာ သုံးလုံး မျက်နှာပြင်မှာ Punch-hole နဲ့ဆိုတာကတော့ သေချာနေပြီလို့ ပြောနိုင်ပါတယ်။

Honor 20 ဟာ 6.1-inch အရွယ် မျက်နှာပြင်နဲ့ ဖြစ်ပြီး Pro version ကတော့ မျက်နှာပြင် အရွယ်အစား ပိုကြီးမှာ ဖြစ်ပါတယ်။ Honor 20 Pro ဟာ ကျောဘက်ကင်မရာ ၄ လုံးဖြစ်မယ်လို့ သတင်းကြီးနေပါတယ်။ Honor 20 ဟာ UD fingerprint ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာလည်း အခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် Pro version မှာတော့ UD fingerprint နဲ့ ဖြစ်ဖို့ ရာနှုန်းအတော်များများ သေချာနေပြီ ဖြစ်ပါတယ်။

Ref: GSMArena