[Zawgyi]

Honor 20 Pro အမည္နဲ႔ Flagship တစ္လုံးဟာ လာမယ့္ ဧၿပီလ ၂၅ ရက္ေန႔မွာ မိတ္ဆက္ဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚထားတာပါ။ Honor View 20 ထက္ပိုေကာင္းၿပီး Huawei P 30 Pro လိုမ်ိဳး 40 MP ကင္မရာပါဝင္လာမယ္လို႔ ေကာလာဟလလည္း ထြက္ထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ Honor 20 Pro အတြက္ျပဳလုပ္ထားတဲ့ Case Render ဟာ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္တစ္ခုဆီကေန ထြက္ေပၚလာခဲ့ပါတယ္။ တရားဝင္ Case မဟုတ္ေပမယ့္ ေက်ာဘက္ကင္မရာေတြအတြက္ ေနရာခ်န္ထားပုံက အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းေနပါတယ္။

ဒီ Case ဟာ ထြက္ေပၚလာမယ့္ Honor 20 Pro နဲ႔ပတ္သက္ၿပီး မ်ားမ်ားစားစား မေျပာႏိုင္ေပမယ့္ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ LED flash အတြက္ ေနရာခ်န္ထားတာကို ေတြ႕ရပါတယ္။ LED flash အတြက္ ေနရာကေတာ့ ေအာက္ဆုံးကင္မရာရဲ႕ ညာဘက္ေဘးနားမွာ ျဖစ္တာကိုေတြ႕ရတာပါ။

ထြက္ေပၚထားတဲ့ သတင္းေတြအရ Sony IMX 600 sensor ကိုသာ အမွန္တကယ္ သုံးထားမယ္ဆိုရင္ေတာ့ 40MP ထက္ 48MP ျဖစ္ဖို႔ ပိုနီးစပ္ပါတယ္။ အျခားေကာလာဟလေတြကေတာ့ Honor 20 Pro ဟာ 6.1-inch OLED မ်က္ႏွာျပင္နဲ႔ ျဖစ္ၿပီး Under-display fingerprint scanner ပါဝင္လာမယ္ဆိုတာရယ္ Kirin 980 chipset သုံးထားၿပီး 6/128GB, 8/128GB နဲ႔ 8/256GB ဆိုၿပီး အမ်ိဳးအစား ခြဲျခားထားတယ္ ဆိုတာပါ။ ခန႔္မွန္းေဈးႏႈန္းကေတာ့ ျမန္မာေငြ ၆ သိန္း ၈ေသာင္းေအာက္ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာများအတွက် နေရာချန်ထားတဲ့ Honor 20 Pro Case Render ထွက်ပေါ်လာ

Honor 20 Pro အမည်နဲ့ Flagship တစ်လုံးဟာ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ထားတာပါ။ Honor View 20 ထက်ပိုကောင်းပြီး Huawei P 30 Pro လိုမျိုး 40 MP ကင်မရာပါဝင်လာမယ်လို့ ကောလာဟလလည်း ထွက်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Honor 20 Pro အတွက်ပြုလုပ်ထားတဲ့ Case Render ဟာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။ တရားဝင် Case မဟုတ်ပေမယ့် ကျောဘက်ကင်မရာတွေအတွက် နေရာချန်ထားပုံက အတော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒီ Case ဟာ ထွက်ပေါ်လာမယ့် Honor 20 Pro နဲ့ပတ်သက်ပြီး များများစားစား မပြောနိုင်ပေမယ့် ကျောဘက်ကင်မရာသုံးလုံးနဲ့ LED flash အတွက် နေရာချန်ထားတာကို တွေ့ရပါတယ်။ LED flash အတွက် နေရာကတော့ အောက်ဆုံးကင်မရာရဲ့ ညာဘက်ဘေးနားမှာ ဖြစ်တာကိုတွေ့ရတာပါ။

ထွက်ပေါ်ထားတဲ့ သတင်းတွေအရ Sony IMX 600 sensor ကိုသာ အမှန်တကယ် သုံးထားမယ်ဆိုရင်တော့ 40MP ထက် 48MP ဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ အခြားကောလာဟလတွေကတော့ Honor 20 Pro ဟာ 6.1-inch OLED မျက်နှာပြင်နဲ့ ဖြစ်ပြီး Under-display fingerprint scanner ပါဝင်လာမယ်ဆိုတာရယ် Kirin 980 chipset သုံးထားပြီး 6/128GB, 8/128GB နဲ့ 8/256GB ဆိုပြီး အမျိုးအစား ခွဲခြားထားတယ် ဆိုတာပါ။ ခန့်မှန်းဈေးနှုန်းကတော့ မြန်မာငွေ ၆ သိန်း ၈သောင်းအောက် ဖြစ်ပါတယ်။

Ref: GSMArena