[Zawgyi]

စမတ္ဖုန္း ကုမၸဏီေတြဟာ သူတို႔ရဲ႕ ဖုန္း အေဟာင္းေတြအတြက္ အေရာင္အသစ္ေတြ ထုတ္ၿပီး ေရာင္းအား ေကာင္းေအာင္ ျပဳလုပ္ေလ့ရွိပါတယ္။ အခုေတာ့ Honor က ႏုိ၀င္ဘာလ ၁ ရက္ေန႔မွာ Honor 20 Series အတြက္ လိေမၼာ္ေရာင္ ထုတ္လုပ္ေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါေပမယ့္ ေစ်းကြက္ထဲရွိတဲ့ လိေမၼာ္ေရာင္ေတြနဲ႔ တူမွာ မဟုတ္ဘဲ ထူးျခားဆန္းသစ္မွာပါ။

လက္ရွိမွာ Honor 20 Series ေတြအတြက္  Phantom Blue, Phantom Red နဲ႔ Icelandic White ေတြ ထုတ္လုပ္ေရာင္းခ်ေပးထားပါတယ္။ အေရာင္ေတြ စံုလင္လွၿပီး အရမ္းလွပပါတယ္။ အခုထြက္မယ့္ လိေမၼာ္ေရာင္ကလည္း တစ္မူထူးျခားေနမွာပါ။ Honor 20S ရဲ႕ လိေမၼာ္ေရာင္ ေမာ္ဒယ္ ဓါတ္ပံုဟာ အရင္က အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီ ပံုကို ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

အေနာက္ဘက္မွာ လိေမၼာ္သီးအခြံလို အကြက္ အကြက္ေတြ ပါေနတာက  အရမ္းထူးျခားတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ လက္ထဲကိုင္ထားရင္လည္း ၿမဲျမံေစမွာ ျဖစ္ပါတယ္။ အခုေခတ္စားေနတဲ့ အေနာက္ဘက္ ေတာက္ေျပာင္တဲ့ ဒီဇိုင္းနဲ႔ အေရာင္စံု ေပါင္းစပ္ထားတဲ့ ဒီဇိုင္းေတြကေန ခြဲထြက္ေနပါတယ္။ ကုမၸဏီက Honor 20 Series ေတြအတြက္ လိေမၼာ္ေရာင္ ထုတ္လုပ္ေပးမယ္လို႔ ေျပာေပမယ့္ ေမာ္ဒယ္အတိအက်ကို မေျပာေသးပါဘူး။ Honor 20 Series အားလံုးအတြက္ လိေမၼာ္ေရာင္ရရင္ေတာ့ အရမ္းမိုက္မွာပါ။

Ref : gizmochina

[Unicode]

Honor 20 Series အတွက် Fresh Orange Shade အရောင်ထွက်မည်

စမတ်ဖုန်း ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖုန်း အဟောင်းတွေအတွက် အရောင်အသစ်တွေ ထုတ်ပြီး ရောင်းအား ကောင်းအောင် ပြုလုပ်လေ့ရှိပါတယ်။ အခုတော့ Honor က နိုဝင်ဘာလ ၁ ရက်နေ့မှာ Honor 20 Series အတွက် လိမ္မော်ရောင် ထုတ်လုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲရှိတဲ့ လိမ္မော်ရောင်တွေနဲ့ တူမှာ မဟုတ်ဘဲ ထူးခြားဆန်းသစ်မှာပါ။

လက်ရှိမှာ Honor 20 Series တွေအတွက် Phantom Blue, Phantom Red နဲ့ Icelandic White တွေ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အရောင်တွေ စုံလင်လှပြီး အရမ်းလှပပါတယ်။ အခုထွက်မယ့် လိမ္မော်ရောင်ကလည်း တစ်မူထူးခြားနေမှာပါ။ Honor 20S ရဲ့ လိမ္မော်ရောင် မော်ဒယ် ဓါတ်ပုံဟာ အရင်က အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီ ပုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

အနောက်ဘက်မှာ လိမ္မော်သီးအခွံလို အကွက် အကွက်တွေ ပါနေတာက အရမ်းထူးခြားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ လက်ထဲကိုင်ထားရင်လည်း မြဲမြံစေမှာ ဖြစ်ပါတယ်။ အခုခေတ်စားနေတဲ့ အနောက်ဘက် တောက်ပြောင်တဲ့ ဒီဇိုင်းနဲ့ အရောင်စုံ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းတွေကနေ ခွဲထွက်နေပါတယ်။ ကုမ္ပဏီက Honor 20 Series တွေအတွက် လိမ္မော်ရောင် ထုတ်လုပ်ပေးမယ်လို့ ပြောပေမယ့် မော်ဒယ်အတိအကျကို မပြောသေးပါဘူး။ Honor 20 Series အားလုံးအတွက် လိမ္မော်ရောင်ရရင်တော့ အရမ်းမိုက်မှာပါ။

Ref : gizmochina