[Zawgyi]

ဒီတေခါက္မွာေတာ့ ကြၽန္ေတာ္တို႔ MyTech Myanmar ကေန ျပည္တြင္းေစ်းကြက္ထဲကို ဝင္ေရာက္ခဲ့တာ မၾကာေသးတဲ့ Honor 20 lite နဲ႔ Oppo A9 2020 တို႔ရဲ႕ ကင္မရာပိုင္းဆိုင္ရာ Specifications နဲ႔ Features ေတြကို ႏႈိင္းယွဥ္ေပးခ်င္ပါတယ္။

လက္ရွိမွာ Honor 20 lite ရဲ႕ RAM 4GB / Storage 128GB ေမာ္ဒယ္ကို ၃၁၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတာျဖစ္ၿပီး Oppo A9 2020 ရဲ႕ RAM 8GB / Storage 128GB ေမာ္ဒယ္ကို ၃၉၉,၉၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။ ေစ်းႏႈန္းအားျဖင့္ ေငြက်ပ္ ၈၀,၀၀၀ ေက်ာ္ ကြာဟေနေပမယ့္ ဒီဖုန္း ၂လုံးက အားသာခ်က္ ကိုယ္စီ ရွိေနၾကပါတယ္။ တိုတိုနဲ႔ လိုရင္းေျပာရမယ္ဆိုရင္ ေငြက်ပ္ ၈၀,၀၀၀ ေက်ာ္ သက္သာေစမယ့္ Honor 20 lite မွာ Specs ေတြအရ Selfie Camera, Display နဲ႔ အျမန္အားသြင္းစနစ္အပိုင္း အားသာခ်က္ေတြ ရွိေနပါတယ္။

Honor 20 lite ရဲ႕ ေက်ာဘက္မွာ Aperture f/1.8 အက်ယ္ရွိ 24MP Sensor ကို Main Camera အျဖစ္ အသုံးျပဳထားၿပီး Aperture f/2.4 အက်ယ္ရွိ 8MP (Ultrawide) Sensor + 2MP (Depth) Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ထားပါတယ္။ Oppo A9 2020 ရဲ႕ ေက်ာဘက္မွာေတာ့ Aperture f/1.8 အက်ယ္ရွိ 48MP Sensor ကို Main Camera အျဖစ္ အသုံးျပဳထားၿပီး Aperture f/2.25 အက်ယ္ရွိ 8MP (Utrawide) Sensor + 2MP Sensor + 2MP Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ေပးထားပါတယ္။

Selfie Camera အတြက္ Oppo A9 2020 မွာ Aperture f/2.0 အက်ယ္ရွိ 16MP Sensor ကို အသုံးျပဳထားေပမယ့္ Honor 20 lite မွာေတာ့ Aperture f/2.0 အက်ယ္ရွိ 32MP Sensor ကို အသုံးျပဳထားမွာပါ။ ဒီေတာ့ Specs ေတြအရဆိုရင္ Honor 20 lite ရဲ႕ Selfie Camera ႐ုပ္ထြက္အရည္အေသြးက Detail အပိုင္းမွာ Oppo A9 2020 ထက္ ၂ဆ ပိုေကာင္းဖြယ္ ရွိေနပါတယ္။ ဒါ့အျပင္ Honor 20 lite မွာ Selfie ဓာတ္ပုံေကာင္းေတြကို အခ်ိန္မေ႐ြး႐ိုက္ကူးႏိုင္ဖို႔အတြက္ 32MP Sensor ကို ISO တိုးျမႇင့္ေပးမယ့္ Screen Ring light-filling နည္းပညာနဲ႔ AI Backlighting Imaging နည္းပညာေတြလည္း ပါဝင္ပါေသးတယ္။ AI Backlighting Imaging ကေတာ့ အလင္းေရာင္ကို ေက်ာေပး႐ိုက္တဲ့အခါ လူက မဲေနတာမ်ိဴး၊ ညဘက္လို အလင္းေရာင္နည္းတဲ့ အခ်ိန္မွာ Selfie ဆြဲတဲ့အခါ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္ရတာမ်ိဴးေတြကို ေျဖရွင္းေပးထားတဲ့ နည္းပညာျဖစ္ပါတယ္။

Honor 20 lite ဟာ Selfie Master ဆိုတဲ့ သူရဲ႕ ေဆာင္ပုဒ္အတိုင္း Selfie Camera အပိုင္းကို ဦးစားေပး ျပဳလုပ္ထားတဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ တဖက္ကို ျပန္ၾကည့္မယ္ဆိုရင္ Honor 20 lite လိုပဲ Huawei P30 lite ကလည္း Selfie Camera ဦးစားေပး စမတ္ဖုန္းပါ။ Honor 20 lite နဲ႔ Huawei P30 lite တို႔က ဒီဇိုင္းဆင္တူသလို Camera Sensors ေတြအပါအဝင္ Specifications ေတာ္ေတာ္မ်ားမ်ားကလည္း တူညီၾကပါတယ္။ ဒါေပမယ့္ Huawei P30 lite က Oppo A9 2020 လိုပဲ ေစ်းႏႈန္းအားျဖင့္ ၃၉၉,၀၀၀ က်ပ္ တန္ေၾကးရွိေနတဲ့အတြက္ ၃၁၉,၀၀၀ က်ပ္ တန္ေၾကးရွိ Honor 20 lite ဟာ Selfie Camera သမားေတြအတြက္ စဥ္းစားစရာ စမတ္ဖုန္းတစ္လုံး ျဖစ္ေနပါေတာ့တယ္။

[Unicode]

Selfie Master ဆိုတဲ့ Honor 20 lite နဲ့ Oppo A9 2020 တို့ရဲ့ Selfie Camera တွေကို နှိုင်းယှဥ်ကြည့်ခြင်း

ဒီတခေါက်မှာတော့ ကျွန်တော်တို့ MyTech Myanmar ကနေ ပြည်တွင်းစျေးကွက်ထဲကို ဝင်ရောက်ခဲ့တာ မကြာသေးတဲ့ Honor 20 lite နဲ့ Oppo A9 2020 တို့ရဲ့ ကင်မရာပိုင်းဆိုင်ရာ Specifications နဲ့ Features တွေကို နှိုင်းယှဥ်ပေးချင်ပါတယ်။

လက်ရှိမှာ Honor 20 lite ရဲ့ RAM 4GB / Storage 128GB မော်ဒယ်ကို ၃၁၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတာြဖစ်ပြီး Oppo A9 2020 ရဲ့ RAM 8GB / Storage 128GB မော်ဒယ်ကို ၃၉၉,၉၀၀ ကျပ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ စျေးနှုန်းအားဖြင့် ငွေကျပ် ၈၀,၀၀၀ ကျော် ကွာဟနေပေမယ့် ဒီဖုန်း ၂လုံးက အားသာချက် ကိုယ်စီ ရှိနေကြပါတယ်။ တိုတိုနဲ့ လိုရင်းပြောရမယ်ဆိုရင် ငွေကျပ် ၈၀,၀၀၀ ကျော် သက်သာစေမယ့် Honor 20 lite မှာ Specs တွေအရ Selfie Camera, Display နဲ့ အမြန်အားသွင်းစနစ်အပိုင်း အားသာချက်တွေ ရှိနေပါတယ်။

Honor 20 lite ရဲ့ ကျောဘက်မှာ Aperture f/1.8 အကျယ်ရှိ 24MP Sensor ကို Main Camera အဖြစ် အသုံးပြုထားပြီး Aperture f/2.4 အကျယ်ရှိ 8MP (Ultrawide) Sensor + 2MP (Depth) Sensor တွေနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ Oppo A9 2020 ရဲ့ ကျောဘက်မှာတော့ Aperture f/1.8 အကျယ်ရှိ 48MP Sensor ကို Main Camera အဖြစ် အသုံးပြုထားပြီး Aperture f/2.25 အကျယ်ရှိ 8MP (Utrawide) Sensor + 2MP Sensor + 2MP Sensor တွေနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။

Selfie Camera အတွက် Oppo A9 2020 မှာ Aperture f/2.0 အကျယ်ရှိ 16MP Sensor ကို အသုံးပြုထားပေမယ့် Honor 20 lite မှာတော့ Aperture f/2.0 အကျယ်ရှိ 32MP Sensor ကို အသုံးပြုထားမှာပါ။ ဒီတော့ Specs တွေအရဆိုရင် Honor 20 lite ရဲ့ Selfie Camera ရုပ်ထွက်အရည်အသွေးက Detail အပိုင်းမှာ Oppo A9 2020 ထက် ၂ဆ ပိုကောင်းဖွယ် ရှိနေပါတယ်။ ဒါ့အပြင် Honor 20 lite မှာ Selfie ဓာတ်ပုံကောင်းတွေကို အချိန်မရွေးရိုက်ကူးနိုင်ဖို့အတွက် 32MP Sensor ကို ISO တိုးမြှင့်ပေးမယ့် Screen Ring light-filling နည်းပညာနဲ့ AI Backlighting Imaging နည်းပညာတွေလည်း ပါဝင်ပါသေးတယ်။ AI Backlighting Imaging ကတော့ အလင်းရောင်ကို ကျောပေးရိုက်တဲ့အခါ လူက မဲနေတာမျိူး၊ ညဘက်လို အလင်းရောင်နည်းတဲ့ အချိန်မှာ Selfie ဆွဲတဲ့အခါ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတာမျိူးတွေကို ဖြေရှင်းပေးထားတဲ့ နည်းပညာဖြစ်ပါတယ်။

Honor 20 lite ဟာ Selfie Master ဆိုတဲ့ သူရဲ့ ဆောင်ပုဒ်အတိုင်း Selfie Camera အပိုင်းကို ဦးစားပေး ပြုလုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ တဖက်ကို ပြန်ကြည့်မယ်ဆိုရင် Honor 20 lite လိုပဲ Huawei P30 lite ကလည်း Selfie Camera ဦးစားပေး စမတ်ဖုန်းပါ။ Honor 20 lite နဲ့ Huawei P30 lite တို့က ဒီဇိုင်းဆင်တူသလို Camera Sensors တွေအပါအဝင် Specifications တော်တော်များများကလည်း တူညီကြပါတယ်။ ဒါပေမယ့် Huawei P30 lite က Oppo A9 2020 လိုပဲ စျေးနှုန်းအားဖြင့် ၃၉၉,၀၀၀ ကျပ် တန်ကြေးရှိနေတဲ့အတွက် ၃၁၉,၀၀၀ ကျပ် တန်ကြေးရှိ Honor 20 lite ဟာ Selfie Camera သမားတွေအတွက် စဥ်းစားစရာ စမတ်ဖုန်းတစ်လုံး ဖြစ်နေပါတော့တယ်။