Honor ကနေ Honor 30 Series ဖုန်းတွေဖြစ်တဲ့ Honor 30 ၊ 30 Pro နဲ့ 30 Pro+ ဖုန်းတွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် Honor 30 Series ဖုန်းတစ်လုံးဖြစ်တဲ့ Honor 30 Lite ကို မိတ်ဆက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အခုသတင်းကိုတော့ Huawei နဲ့ Honor သတင်းတွေကို အမြဲတမ်းခန့်မှန်းနေတဲ့ Leaker တစ်ဦးက Weibo စာမျက်နှာမှာဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ် Honor 30 Series ဖုန်းတစ်လုံးကို လာမယ့် ဇွန်လ နဲ့ ဇူလိုင်လဝန်းကျင်မှာ မိတ်ဆက်သွားဦးမယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ Honor 30 Lite ဆိုပြီး နာမည် အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် မနှစ်တုန်းက Honor 20 Series ဖုန်းတွေတုန်းကလည်း Honor 20 ၊ 20 Pro ၊ 20S နဲ့ 20 Lite ဆိုပြီး မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် ယခုကျန်ရှိနေတာက Honor 30 Lite ဖုန်းတစ်လုံးပဲရှိတော့တာဖြစ်ပါတယ်။

Honor အနေနဲ့ အခုလိုမျိုး Honor 30 Lite ဖုန်းကို မိတ်ဆက်ဖို့ကို ဇွန်လနောက်ပိုင်းအထိ နောက်ရွေ့လိုက်တာက လာမယ့်မေလ ၂၀ ရက်နေ့မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Honor X10 Series စမတ်ဖုန်းနဲ့ အချိန်တိုက်နေမှာကို စိုးရိမ်တာကြောင့်ဖြစ်နိုင်ပါတယ်။ Honor X10 Series စမတ်ဖုန်းတွေကလည်း 5G ကို Support ပေးနိုင်မယ့်အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း သိသိသာသာကို တိုးတက်လာမှာပါ။

ပုံမှန်အားဖြင့် Honor ရဲ့ Lite Series ဖုန်းတွေဟာ Processor ပိုင်းကို တစ်နှစ်နောက်ကျတဲ့ Processor တွေကိုပဲ အသုံးပြုလာတတ်ပြီး မနှစ်တုန်းက Honor 20 Lite ဆိုရင်လည်း Kirin 710F ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုမိတ်ဆက်လာမယ့် Honor 30 Lite ဖုန်းဟာလည်း Kirin 810 Chipset ကိုပဲ အသုံးပြုလာနိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Honor 30 Lite ဖုန်းနဲ့ သက်ဆိုင်တဲ့နောက်ထပ်အချက်အလက်တွေကိုတော့ မကြာခင်မှာထပ်မံသိရှိရမယ်လို့ ယူဆရပါတယ်။

Ref – Giz China