စမတ်ဖုန်းထုတ်လုပ်သူတွေအများအပြားဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို အစောဆုံးမိတ်ဆက်သွားဖို့ စီစဥ်နေကြတာဖြစ်ပြီး Samsung နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေဆိုရင် ယခု ဖေဖော်ဝါရီလအတွင်းမှာတင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Honor ကတော့ Flagship Honor 30 Series စမတ်ဖုန်းတွေကို အေးဆေးမှမိတ်ဆက်သွားမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Leakster တစ်ဦးဖြစ်တဲ့ Teme (@RODENT950) ဆီကနေ သိရတဲ့သတင်းအရ Honor 30 Series စမတ်ဖုန်းတွေဟာ လာမယ့် ဧပြီလမှာမိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါက မနှစ်တုန်းက Honor 20 Series စမတ်ဖုန်းတွေနဲ့ယှဥ်ရင် ၁ လဝန်းကျင်လောက်ပိုစောတယ်ဆိုပေမယ့် ကျန်တဲ့ Flagship ဖုန်းတွေနဲ့ယှဥ်ရင်တော့ နောက်ကျနေတယ်လို့ ပြောရမှာပါ။

ဖြစ်နိုင်တာတစ်ခုက Huawei ကနေ မတ်လအတွင်းမှာ Huawei P40 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ဖို့ရှိနေတဲ့အတွက် အဆိုပါ P40 Series မိတ်ဆက်ပြီးမှ Honor 30 Series ကို မိတ်ဆက်လာမယ့်ပုံစံပါပဲ။ ဘာပဲဖြစ်ဖြစ် Honor 30 Series စမတ်ဖုန်းတွေဟာ Huawei P40 Series စမတ်ဖုန်းတွေရဲ့ Feature တွေကိုပါ အနည်းငယ်အသုံးပြုလာနိုင်ဖို့များနေပါတယ်။

လောလောဆယ်သိထားတဲ့သတင်းတွေအရတော့ Honor 30 Series ဖုန်းတွေထဲမှာ 5G ကို Support ပြုလုပ်တဲ့ Kirin 990 Processor ကို အသုံးပြုထားတဲ့ Honor 30 Pro နဲ့ Honor 30 ၊ Kirin 810 Processor ပါဝင်လာမယ့် Honor 30 Lite ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Teme ရဲ့ ပြောကြားချက်အရဆိုရင် Huawei MatePad Pro နဲ့ ဆင်တူတဲ့ Android Tablet တစ်ခုဖြစ်လာမယ့် Honor MagicPad ကိုလည်း ဒီ Honor 30 Series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

Ref – Gizmo China