မိခင် Huawei ကုမ္ပဏီက သူတို့ရဲ့ P စီးရီး Flagship တွေကိုမိတ်ဆက်ပြီး တစ်ပတ်အကြာမှာတော့ Honor ဟာ Honor 30S ကို တရားဝင်ထုတ်ဖော်ပြလာခဲ့ပါပြီ။ 30 မိသားစုဝင်တွေထဲမှာ အနိမ့်ဆုံးဖြစ်တဲ့ Honor 30S ဟာ စိတ်ဝင်စားစရာ Specs အချို့၊ ပရီမီယံအဆင့် Glass နဲ့အလူမီနီယံဒီဇိုင်းတို့အပြင် Kirin 820 5G ချစ်ပ်ဆက်သစ်ကြောင့် Dual-mode 5G သုံးစွဲနိုင်စွမ်းတို့ ပါဝင်လာပါတယ်။

Honor 30S ဖုန်းမှာ 6.5” လက်မ FHD+ IPS Display ပါဝင်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ 16MP ဆဲလ်ဖီကင်မရာအတွက် Punch-hole လေး ပါဝင်ပါတယ်။ Fingerprint ကိုလည်း ဘေးဘက်မှာပဲ ထည့်သွင်းလာတယ်။

နောက်ဘက်မှာ ကင်မရာလေးလုံးကို စတုဂံပုံစံ Island ထဲမှာမြင်ရပြီး 64MP အဓိက Sensor ကို 3X Optical နဲ့ 20X Hybrid Zoom ရမယ့် 8MP Telephoto Lens တစ်ခု၊ 8MP Ultra-wide တစ်ခုနဲ့ 2MP Depth Sensor တို့ဖြင့် ဝန်းရံထားပါတယ်။

အတွင်းမှာတော့ Kirin 820 5G ချစ်ပ်ဆက်ကိုတွေ့ရပြီး 8-core တည်ဆောက်မှုကို 1.8GHz ARM-Cortex A55 လေးခုနဲ့ Clock Speed ကွဲပြားတဲ့ နောက်ထပ် ARM-A76 Core လေးခုတို့ဖြင့် တွဲဖက်ထားပါတယ်။ GPU ပိုင်းမှာတော့ 6-core Mali-G57 တာဝန်ယူထားကာ Kirin ISP 5.0 Image Signal Processor ကြောင့် Flagship အဆင့် စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။

Software ပိုင်းမှာတော့ Android 10 ကို Google Mobile Services တွေမပါတဲ့ Magic UI 3.1.1 ဖြင့် သုံးစွဲရမှာပါ။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး 40W အားသွင်းစနစ်နဲ့လာပါတယ်။ Honor 30S ကို Black, Blue, Green နဲ့ Gradient ကာလာများဖြင့် ရရှိနိုင်မှာပါ။

ဈေးနှုန်းကတော့ 8/128GB မော်ဒယ်ကို တရုတ်ယွမ်ငွေ ၂,၃၉၉ (မြန်မာငွေ လေးသိန်းခြောက်သောင်းကျော်) သတ်မှတ်ထားပြီး 8/256GB ဗားရှင်းကတော့ တရုတ်ယွမ် ၂,၆၉၉ (မြန်မာငွေ ငါးသိန်းနှစ်သောင်း) ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုတွေ စတင်လက်ခံနေပြီး ဧပြီလ ၇ ရက်နေ့မှာ တရုတ်ဈေးကွက်အတွင်း ရရှိနိုင်မယ့် ဒီဖုန်းအတွက် နိုင်ငံတကာဈေးကွက်ကို ဘယ်လိုလာမယ်ဆိုတာတော့ မပြောသေးပါဘူး။

Ref – GSM Arena