Honor 30 စီးရီးနဲ့အတူ 30S စမတ်ဖုန်းကိုလည်း မတ်လ ၃၀ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့ နီးကပ်လာတဲ့အချိန်မှာပဲ ဒီဖုန်းရဲ့ Press Render ပုံရိပ်ထွက်လာခဲ့ပြီး မကြာခင်မြင်ရတော့မယ့် ဖုန်းရဲ့ အနက်ရောင်နဲ့ အစိမ်းရောင်ဗားရှင်းတွေကို ထပ်မံကြည့်ရှုခွင့်ရခဲ့ပါတယ်။

Render ဓါတ်ပုံအသစ်တွေမှာ Punch-hole ပါဝင်တဲ့ Display နဲ့ နောက်ဘက်က Quad-cam တို့ကို မြင်တွေ့ရပါတယ်။ နောက်ဘက်ကင်မရာမှာ 64MP အဓိကကင်မရာဦးဆောင်လာပြီး 3x Optical Zoom ပါဝင်တဲ့ Telephoto Sensor လည်းပါဝင်မှာပါ။ Fingerprint ကိုတော့ အခုနောက်ပိုင်းဖုန်းတွေရဲ့ထုံးစံအတိုင်း ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။

Honor 30S ဖုန်းမှာ 5G ရရှိနိုင်မယ့် Kirin 820 ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာခဲ့ပြီး AnTuTu ပေါ်မှာ Benchmark စမ်းသပ်ခဲ့ရာမှာတော့ အထင်ကြီးစရာ ရလဒ်တွေကို ရရှိထားပါတယ်။

Render ပုံရိပ်တွေထွက်လာချိန်မှာပဲ Honor ရဲ့တရားဝင် Weibo အကောင့်ကလည်း 30S မှာ 40W အားသွင်းစနစ် ပါဝင်လာမယ်လို့ အသိပေးထားတဲ့ ပိုစတာတစ်ခုကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ရဲ့ မြန်နှုန်းကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena