Honor 30 Series ကို ဒီလကုန်မှာ ကြေညာတော့မယ်လို့ ထင်ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားတာ တွေ့ရပါတယ်။ အခုလည်း Honor 30S ရဲ့ ဓါတ်ပုံ ၂ ပုံ ထပ်မံ ထွက်ပေါ်လာပြီး အဖြူနဲ့ လိမ္မော်ရောင် ၂ မျိုး ထုတ်လုပ်ထားပါတယ်။

ဓါတ်ပုံတွေအရ အနောက်ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး အလယ်ကင်မရာရဲ့ ညာဘက်မှာ ToF Sensor လို့ ထင်ရတဲ့ ၁ လုံးကို တွေ့ရပါတယ်။ ဘဲဥပုံ LED Flash ၁ လုံးလည်း ထည့်သွင်းထားပြီး တခြား Honor V30 Series တွေမှာ စက်ဝိုင်းပုံ သုံးထားတာပါ။

အဲဒီ ဓါတ်ပုံတွေအရ လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားတာ ပိုသေချာသွားပြီး Honor က ဒီနည်းလမ်းကို Honor 20 ကတည်းက စတင် အသုံးပြုလာတာပါ။ အရင်နှစ်ထုတ် Honor 20S ဟာ Honor 20 နဲ့ Honor 20 Pro ထက် ပိုဈေးသက်သာပြီး ဒီနှစ်မှာလည်း အဲဒီလိုပဲ မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပါတယ်။

Honor 30S နဲ့ Honor 30 တို့ရဲ့ ကိုယ်ထည်ဟာ တူညီနိုင်ပေမယ့် စွမ်းဆောင်ရည်သင့် Kirin 820 Chipset မောင်းနှင်ထားနိုင်ပါတယ်။ 5G ဆက်သွယ်မှုလည်း ထည့်သွင်းထားမှာ ဖြစ်ပြီး ကင်မရာ အရည်အသွေးကို လျှော့ချထားနိုင်ပါတယ်။

Ref : gsmarena