Honor 7C ကတော့ Xiaomi Redmi 5 လိုမျိုးဖုန်းတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်သူဖြစ်ပါတယ်။ 18:9 Ratio Display ၊ Dual Camera ပါဝင်တဲ့ တန်ဖိုးသင့်စမတ်ဖုန်းဖြစ်တဲ့ Honor 7C ကို မကြာခင်မှာ အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Honor 7C ကတော့ ဈေးကွက်ထဲမှာ လူကြိုက်များလာမယ့်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ 5.99 Inch HD+ Dispaly နဲ့အတူ Qualcomm Snapdragon 450 Chipset ကိုအသုံးပြုထားပါတယ်။ RAM 3/32 GB ဒါမှမဟုတ် RAM 4/64 GB နှစ်မျိုးဝယ်လို့ရမှာဖြစ်ပြီး microSD လည်းထပ်စိုက်လို့ရပါသေးတယ်။

မြန်မာငွေ နှစ်သိန်းဝန်းကျင်ပဲရှိနိုင်တာကြောင့် Full Screen Display သဘောကျသူတွေအတွက်တော့ ဒီဖုန်းကရွေးချယ်စရာတစ်ခုပါပဲ။ Android Oreo ကိုပဲသုံးပေးထားမှာဖြစ်တာကြောင့် Andrdoid P လိုချင်သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Mid-range ဖုန်းတော်တော်များများက Android P Update ရနိုင်တဲ့ဖုန်းက နည်းနေသေးတာကြောင့် အခု Honor 7C အတွက်လည်း Update ရနိုင်ဖို့ မျှော်လင့်ချက်နည်းပါတယ်။

Honor ဖုန်းတော်တော်များများကို အရင်ကမြန်မာနိုင်ငံမှာဝယ်ယူလို့ အဆင်ပြေပေမယ့် အခုနောက်ပိုင်းမှာတော့ Honor ဖုန်းအားလုံး မြန်မာနိုင်ငံမှာ ဝယ်ယူဖို့တော့ မလွယ်ကူလှပါဘူး။ Honor ဖုန်းပရိတ်သတ်က ပြည်တွင်းမှာလည်းရှိတယ်ဆိုပေမယ့် နောက်ပိုင်းမှာ Xiaomi နဲ့ Noka လိုမျိုး တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်ကို ချုတ်ကိုင်သူတွေကြောင့် Honor တွေ ဈေးကွက်ထဲမှာ နေရာသိပ်မရပါဘူး။