တရုတ်က နာမည်ကြီး Leakster Digital Chat Station က Honor 80 Pro+ ရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းမှာ 1.5K AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဟာ ကွေးညွှတ်နိုင်တယ်လို့ ပြောပါတယ်။ ထင်ရတာက  ဘေးဘက်တွေဟာ ကွေးညွှတ်မှာ ဖြစ်ပြီး Foldable စမတ်ဖုန်း မဖြစ်နိုင်ပါဘူး။

Honor 80 Pro Plus should arrive with 200 MP camera - Tech Update

သူက Honor 80 Pro+ မှာ Qualcomm Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ပါလာမယ်လို့ ပြောပါတယ်။ ကင်မရာ အနေနဲ့ အမိုက်စား 200MP တပ်ဆင်ထားမှာ ဖြစ်ပြီး 100W Charging က အလွန်လျှင်မြန်မှာ ဖြစ်ပါတယ်။

Honor thinks about the 200 MP camera, but on which smartphone? - GizChina.it

Honor 80 Pro+ ဟာ Honor 80 Series ထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်မှာ သေချာပါတယ်။ အဲဒီ စမတ်ဖုန်းကို MediaTek Dimensity 1080 Chipset ပါတဲ့ Honor 80 ၊ Qualcomm Snapdragon 778G Chipset ပါတဲ့ Honor 80 Pro တို့နဲ့အတူ ကြေညာနိုင်ပါတယ်။

Honor 80 Series ကို ဒီနှစ်အကုန် တရုတ်မှာ ကြေညာနိုင်ပြီး အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် ထွက်လာနိုင်ပါတယ်။

Ref : gsmarena