[Zawgyi]

Honor သည္ ၎၏ Honor 8X series ဖုန္းတြင္ပါဝင္ေသာ Flagship ဖန္ရွင္မ်ားေၾကာင့္ အေရာင္းပိုင္းေအာင္ျမင္မႈ ရရွိခဲ့

ရန္ကုန္၊ မတ္လ ၁ ရက္၊ ၂၀၁၉ ခုႏွစ္ – ထိပ္တန္းစမတ္ဖုန္း Brand တစ္ခု ျဖစ္သည့္ Honor သည္ ၎၏ စိတ္ဝင္စားမႈအမ်ားဆုံးရရွိခဲ့ေသာ Honor 8X စမတ္ဖုန္းကို ကမာၻတစ္ဝွမ္းတြင္ အလုံးေပါင္း ၁၀ သန္းေက်ာ္ထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့သည့္ ကမာၻ႔ မွတ္တိုင္သတင္းကို ထုတ္ျပန္ခဲ့သည္။ Honor 8X ကို မၾကာေသးမီက Dreamy Purple အေရာင္ျဖင့္ ထပ္မံထုတ္လုပ္ခဲ့ၿပီး ျပည္တြင္းေဈးကြက္တြင္လည္း လူငယ္မ်ားၾကားတြင္ ေရးပန္းစားလ်က္ရွိသည္။

Honor 8X ကို တ႐ုတ္ႏိုင္ငံ၌ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလတြင္ တရားဝင္မိတ္ဆက္ခဲ့ၿပီး ျပည္တြင္းေဈးကြက္သို႔ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ေရာက္ရွိခဲ့သည္။ ေရာက္ရွိခဲ့သည့္ အခ်ိန္မွစ၍ Honor 8X သည္ ၎၏ ႏွစ္ေရာင္ကြဲ ဒီဇိုင္း၊ စြမ္းေဆာင္ရည္ႏွင့္ တန္ဖိုးေဈးႏႈန္းကို ထိခိုက္မႈ မရွိဘဲ Hardware စြမ္းေဆာင္ရည္မ်ားႏွင့္ ေကာင္းမြန္ေသာဒီဇိုင္းကို ညီမွ်စြာထည့္သြင္းေပးထားသည့္ ဖုန္းတစ္လုံး ျဖစ္သည့္အတြက္ ေအာင္ျမင္မႈရရွိခဲ့ေသာ ဖုန္းတစ္လုံးျဖစ္သည္။ Honor 8X သည္ အဆင့္ျမင့္တပ္ဆင္ထားေသာ စနစ္မ်ားျဖစ္သည့္ 6.5 inches ရွိေသာ Notch Full view မ်က္ႏွာျပင္ကို Chip-on-film (COF) နည္းပညာအား အသုံးျပဳျခင္းျဖင့္ Screen-to-body ratio 91% အထိ ရရွိထားေသာ ဖုန္းတစ္လုံးျဖစ္သည္။

Honor 8X ေအာင္ျမင္မႈ၏ အဓိက အေၾကာင္းျပခ်က္မွာ Honor ၏ Design DNA အတိုင္း မွန္ကိုယ္ထည္ကို အသုံးျပဳထားေသာ္လည္း အၾကမ္းခံမႈရွိေနျခင္း ျဖစ္သည္။ Honor 8X ၏ မတူညီေသာ ႏွစ္ေရာင္ကြဲ ဒီဇိုင္းေၾကာင့္ အသုံးျပဳသူကို လူၾကားထဲတြင္ ေပၚလြင္ေနေစၿပီး ခ်က္ခ်င္းအသိအမွတ္ျပဳမႈကို ရရွိေစေသာေၾကာင့္လည္း ျဖစ္သည္။ “Honor 8X ကို သုံးရတာ အဆင့္ျမင့္ Flagship ဖုန္းတစ္လုံး သုံးေနရသလို ခံစားမႈမ်ိဳးကို ေပးႏိုင္ပါတယ္။ အခုအသုံးျပဳေနတာက RAM 6 GB နဲ႔ ROM 128 GB ပါဝင္တဲ့ Honor 8X အမဲေရာင္ျဖစ္ပါတယ္။ အဆင္ေျပသင့္ေလွ်ာ္ၿပီး ေဈးႏႈန္းႏွင့္မလိုက္ေအာင္ အဆင့္ျမင့္တဲ့ ဖုန္းတစ္လုံးပါ။” ဟု Honor 8X ကို အသုံးျပဳေနသူ တစ္ဦးမွ Honor Myanmar Facebook စာမ်က္ႏွာေပၚတြင္ သူ၏ အေတြ႕အႀကဳံကို မွ်ေဝထားသည္ကိုလည္း ေတြ႕ရသည္။ Honor ၏ ၁၀ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့သည့္ ေအာင္ျမင္မႈမွာ Honor ၏ အရည္အေသြးအေပၚကို အဓိကထား ဖန္တီးထားေသာ ပစၥည္းမ်ားကို ထုတ္လုပ္ျခင္းႏွင့္ အသုံးျပဳသူမ်ားအား အဓိကဦးစားေပး စဥ္းစားမႈရွိျခင္းေၾကာင့္လည္း ျဖစ္သည္။ ယခုအခ်ိန္တြင္ Honor 8X သည္ ေရပန္းအစားဆုံး ဖုန္းမ်ားထဲတြင္ တစ္လုံးအပါအဝင္ ျဖစ္ခဲ့ၿပီး ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံတြင္လည္း ေအာင္ျမင္မႈရရွိခဲ့သည္။

Honor 8X ကို အျပာေရာင္၊ အမဲေရာင္၊ အနီေရာင္ ႏွင့္ Dreamy Purple ဟု အမည္ေပးထားေသာ ခရမ္းေရာင္ အစရွိသည့္ အေရာင္မ်ားျဖင့္ ရရွိႏိုင္ၿပီ ျဖစ္သည္။ Honor 8X ကို 4GB သို႔မဟုတ္ 6GB RAM ျဖင့္ ရရွိႏိုင္ၿပီး Internal Storage 128GB ပါဝင္သည္။ Honor 8X တြင္ ကဒ္ ၃ ကဒ္ထည့္ႏိုင္သည့္ စနစ္ပါဝင္သည့္အတြက္ Sim card ၂ ကဒ္ထည့္ႏိုင္သည့္ အျပင္ microSD ကဒ္တစ္ကဒ္ပါ ထပ္မံထည့္သြင္း၍ ရႏိုင္သည္။ Honor 8X ကို Octa-core Kirin 710 Chipset ထည့္သြင္းေပးထားၿပီး ျမန္မာႏိုင္ငံအႏွံ႔တြင္ ရွိေသာ တရားဝင္ Honor အေရာင္းဆိုင္မ်ားတြင္ ဝယ္ယူရရွိႏိုင္ၿပီ ျဖစ္သည္။ Honor 8X သည္ German IF ဒီဇိုင္းဆု 2019 ကိုလည္း ၎၏ Aurora double-stitch texture design ေၾကာင့္ ရရွိခဲ့ၿပီး Honor ၏ Midrange ဖုန္းမ်ားတြင္ IF ဒီဇိုင္းဆုကို ပထမဦးဆုံးရရွိထားေသာ ဖုန္းတစ္လုံးလည္း ျဖစ္သည္။

[Unicode]

Honor 8X series ကို ကမ္ဘာတစ်ဝှမ်းတွင် အလုံးပေါင်း ၁၀ သန်းကျော်ထိ တင်ပို့ ရောင်းချနိုင်ခဲ့

Honor သည် ၎င်း၏ Honor 8X series ဖုန်းတွင်ပါဝင်သော Flagship ဖန်ရှင်များကြောင့် အရောင်းပိုင်းအောင်မြင်မှု ရရှိခဲ့

ရန်ကုန်၊ မတ်လ ၁ ရက်၊ ၂၀၁၉ ခုနှစ် – ထိပ်တန်းစမတ်ဖုန်း Brand တစ်ခု ဖြစ်သည့် Honor သည် ၎င်း၏ စိတ်ဝင်စားမှုအများဆုံးရရှိခဲ့သော Honor 8X စမတ်ဖုန်းကို ကမ္ဘာတစ်ဝှမ်းတွင် အလုံးပေါင်း ၁၀ သန်းကျော်ထိ တင်ပို့ရောင်းချနိုင်ခဲ့သည့် ကမ္ဘာ့ မှတ်တိုင်သတင်းကို ထုတ်ပြန်ခဲ့သည်။ Honor 8X ကို မကြာသေးမီက Dreamy Purple အရောင်ဖြင့် ထပ်မံထုတ်လုပ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင်လည်း လူငယ်များကြားတွင် ရေးပန်းစားလျက်ရှိသည်။

Honor 8X ကို တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် တရားဝင်မိတ်ဆက်ခဲ့ပြီး ပြည်တွင်းဈေးကွက်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရောက်ရှိခဲ့သည်။ ရောက်ရှိခဲ့သည့် အချိန်မှစ၍ Honor 8X သည် ၎င်း၏ နှစ်ရောင်ကွဲ ဒီဇိုင်း၊ စွမ်းဆောင်ရည်နှင့် တန်ဖိုးဈေးနှုန်းကို ထိခိုက်မှု မရှိဘဲ Hardware စွမ်းဆောင်ရည်များနှင့် ကောင်းမွန်သောဒီဇိုင်းကို ညီမျှစွာထည့်သွင်းပေးထားသည့် ဖုန်းတစ်လုံး ဖြစ်သည့်အတွက် အောင်မြင်မှုရရှိခဲ့သော ဖုန်းတစ်လုံးဖြစ်သည်။ Honor 8X သည် အဆင့်မြင့်တပ်ဆင်ထားသော စနစ်များဖြစ်သည့် 6.5 inches ရှိသော Notch Full view မျက်နှာပြင်ကို Chip-on-film (COF) နည်းပညာအား အသုံးပြုခြင်းဖြင့် Screen-to-body ratio 91% အထိ ရရှိထားသော ဖုန်းတစ်လုံးဖြစ်သည်။

Honor 8X အောင်မြင်မှု၏ အဓိက အကြောင်းပြချက်မှာ Honor ၏ Design DNA အတိုင်း မှန်ကိုယ်ထည်ကို အသုံးပြုထားသော်လည်း အကြမ်းခံမှုရှိနေခြင်း ဖြစ်သည်။ Honor 8X ၏ မတူညီသော နှစ်ရောင်ကွဲ ဒီဇိုင်းကြောင့် အသုံးပြုသူကို လူကြားထဲတွင် ပေါ်လွင်နေစေပြီး ချက်ချင်းအသိအမှတ်ပြုမှုကို ရရှိစေသောကြောင့်လည်း ဖြစ်သည်။ “Honor 8X ကို သုံးရတာ အဆင့်မြင့် Flagship ဖုန်းတစ်လုံး သုံးနေရသလို ခံစားမှုမျိုးကို ပေးနိုင်ပါတယ်။ အခုအသုံးပြုနေတာက RAM 6 GB နဲ့ ROM 128 GB ပါဝင်တဲ့ Honor 8X အမဲရောင်ဖြစ်ပါတယ်။ အဆင်ပြေသင့်လျှော်ပြီး ဈေးနှုန်းနှင့်မလိုက်အောင် အဆင့်မြင့်တဲ့ ဖုန်းတစ်လုံးပါ။” ဟု Honor 8X ကို အသုံးပြုနေသူ တစ်ဦးမှ Honor Myanmar Facebook စာမျက်နှာပေါ်တွင် သူ၏ အတွေ့အကြုံကို မျှဝေထားသည်ကိုလည်း တွေ့ရသည်။ Honor ၏ ၁၀ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့် အောင်မြင်မှုမှာ Honor ၏ အရည်အသွေးအပေါ်ကို အဓိကထား ဖန်တီးထားသော ပစ္စည်းများကို ထုတ်လုပ်ခြင်းနှင့် အသုံးပြုသူများအား အဓိကဦးစားပေး စဉ်းစားမှုရှိခြင်းကြောင့်လည်း ဖြစ်သည်။ ယခုအချိန်တွင် Honor 8X သည် ရေပန်းအစားဆုံး ဖုန်းများထဲတွင် တစ်လုံးအပါအဝင် ဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။

Honor 8X ကို အပြာရောင်၊ အမဲရောင်၊ အနီရောင် နှင့် Dreamy Purple ဟု အမည်ပေးထားသော ခရမ်းရောင် အစရှိသည့် အရောင်များဖြင့် ရရှိနိုင်ပြီ ဖြစ်သည်။ Honor 8X ကို 4GB သို့မဟုတ် 6GB RAM ဖြင့် ရရှိနိုင်ပြီး Internal Storage 128GB ပါဝင်သည်။ Honor 8X တွင် ကဒ် ၃ ကဒ်ထည့်နိုင်သည့် စနစ်ပါဝင်သည့်အတွက် Sim card ၂ ကဒ်ထည့်နိုင်သည့် အပြင် microSD ကဒ်တစ်ကဒ်ပါ ထပ်မံထည့်သွင်း၍ ရနိုင်သည်။ Honor 8X ကို Octa-core Kirin 710 Chipset ထည့်သွင်းပေးထားပြီး မြန်မာနိုင်ငံအနှံ့တွင် ရှိသော တရားဝင် Honor အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ Honor 8X သည် German IF ဒီဇိုင်းဆု 2019 ကိုလည်း ၎င်း၏ Aurora double-stitch texture design ကြောင့် ရရှိခဲ့ပြီး Honor ၏ Midrange ဖုန်းများတွင် IF ဒီဇိုင်းဆုကို ပထမဦးဆုံးရရှိထားသော ဖုန်းတစ်လုံးလည်း ဖြစ်သည်။