Honor က တရုတ်မှာ 90 နဲ့ 90 Pro ကို ကြေညာလိုက်ပြီး အမိုက်ဆုံးက 200MP ကင်မရာ ပါလာတာပါ။

Honor 90 Pro

Pro Version မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 6.78” 10-bit AMOLED မျက်နှာပြင် တပ်ဆင်ထားကာ 2700 x 1224p Resolution ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate, HDR Support နဲ့ 1,000 nit Brightness ပါပါတယ်။

Honor 90 series launch with 200 MP cameras, Pro comes with 90W fast charging

မျက်နှာပြင် အထက်အလယ်က Punch Hole မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 4K Video ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 200MP Main , 12MP Ultrawide နဲ့ 32MP Portrait (2.5x Optical Zoom နဲ့ OIS) စတဲ့ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

90W Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး Honor က ၁၅ မိနစ်အားသွင်းရင် ၅၆ ရာခိုင်နှုန်းအားဖြည့်ပေးတယ်လို့ ပြောပါတယ်။

စတီရီယို စပီကာ ၂ လုံး ပါလာပြီး ဂိမ်းအတွက် GPU Turbo X ထည့်ထားပါတယ်။ Android 13 အခြေပြု MagicUI 7.1 မောင်းနှင်ထားပြီး Silver, Black, Green နဲ့ Ice Feather Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

12/256GB ကို ၄၆၅ ဒေါ်လာ၊ 16/256GB ကို ၅၁၀ ဒေါ်လာနဲ့ 16/512GB ကို ၅၅၀ ဒေါ်လာ သတ်မှတ်ထားပြီး ဇွန်လ ၇ ရက်နေ့ရောင်းမှာပါ။

Honor 90

Honor 90 မှာ Snapdragon 7 Gen 1 မောင်းနှင်ထားပြီး 6.7” OLED 2664x1200p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ (Honor ဟာ Cortex-A710 core ကို  2.4 GHz ကနေ 2.5 GHz အထိ မြှင့်တင်ပေးထားတယ်လို့ သိရပါတယ်။)  120Hz Refresh Rate နဲ့ 1,600 nits Brightness ထောက်ပံ့ထားပါတယ်။

Honor 90 series launch with 200 MP cameras, Pro comes with 90W fast charging

ဆဲလ်ဖီး ကင်မရာက Pro မှာလိုပဲ 50MP ဖြစ်ပြီး အနောက်ဘက်မှာ 200MP Main, 12MP Ultrawide ,2MP Depth ကင်မရာတွေ ပါပါတယ်။ OIS မပါပေမယ့် EIS ထည့်သွင်းထားပါတယ်။

66W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး Green, Black နဲ့ Ice Feather Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၃၅၅ ဒေါ်လာ၊ 16/256GB ကို ၃၉၅ ဒေါ်လာနဲ့ 16/512GB ကို ၄၂၅ ဒေါ်လာ သတ်မှတ်ထားပြီး ဇွန်လ ၇ ရက်နေ့ရောင်းမှာဖြစ်ပါတယ်။

Ref : gsmarena