[Zawgyi]

စြမ္းရည္သင့္ Honor 9X နဲ႔ 9X Pro တို႔ကို ဇူလုိင္လက ေၾကညာခဲ့ပါတယ္။ Honor 9X အတြက္ Magic Night Black, Charm Sea Blue (Phantom Blue) နဲ႔ Flame Red (Phantom Red) အေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ အဲဒီဖုန္းကို တရုတ္မွာ ဇူလိုင္လ ၃၀ ရက္ေန႔ကတည္းက စတင္ ေရာင္းေပးခဲ့ေပမယ့္ Flame Red Model ကိုေတာ့ မေရာင္းေပးခဲ့ပါဘူး။ အခုေတာ့ Vmall က Flame Red Model ကို ေရာင္းခ်ေပးလိုက္ပါတယ္။

Honor 9X Flame Red ကို 4 GB RAM + 64 GB Storage, 6 GB RAM + 64 GB Storage နဲ႔ 6 GB RAM + 128 GB Storage Models ေတြ ထုတ္လုပ္ေပးထားၿပီး 1,399 Yuan (~$199), 1,599 Yuan (~$227) နဲ႔ 1,899 Yuan (~$269) အသီးသီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၃၀၀,၀၀၀ ၊ ၃၄၀,၀၀၀ နဲ႔ ၄၁၀,၀၀၀ ေလာက္ က်သင့္ပါတယ္။

Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ Processor အပိုင္းအတြက္ Kirin 810 (7nm) ကို အသုံးျပဳထားပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။ Honor 9X အတြက္  4GB နဲ႔ 6GB RAM ေတြ ထုတ္လုပ္ေပးထားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ သူတို႔ ႏွစ္လံုးဟာ အမ်ားစု တူညီၾကပါတယ္။ ပရိုဗားရွင္းရဲ႕ အေနာက္မွာ ကင္မရာ အပိုပါၿပီး RAM နဲ႔ Storage ကလည္း ပိုမ်ားပါတယ္။ သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design ကို ဖန္တီးထားႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Honor 9X Flame Red Edition ကို တရုတ်မှာ ရောင်းပြီ

စွမ်းရည်သင့် Honor 9X နဲ့ 9X Pro တို့ကို ဇူလိုင်လက ကြေညာခဲ့ပါတယ်။ Honor 9X အတွက် Magic Night Black, Charm Sea Blue (Phantom Blue) နဲ့ Flame Red (Phantom Red) အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက စတင် ရောင်းပေးခဲ့ပေမယ့် Flame Red Model ကိုတော့ မရောင်းပေးခဲ့ပါဘူး။ အခုတော့ Vmall က Flame Red Model ကို ရောင်းချပေးလိုက်ပါတယ်။

Honor 9X Flame Red ကို 4 GB RAM + 64 GB Storage, 6 GB RAM + 64 GB Storage နဲ့ 6 GB RAM + 128 GB Storage Models တွေ ထုတ်လုပ်ပေးထားပြီး 1,399 Yuan (~$199), 1,599 Yuan (~$227) နဲ့ 1,899 Yuan (~$269) အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၃၀၀,၀၀၀ ၊ ၃၄၀,၀၀၀ နဲ့ ၄၁၀,၀၀၀ လောက် ကျသင့်ပါတယ်။

Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ Processor အပိုင်းအတွက် Kirin 810 (7nm) ကို အသုံးပြုထားပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။ Honor 9X အတွက် 4GB နဲ့ 6GB RAM တွေ ထုတ်လုပ်ပေးထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ ပရိုဗားရှင်းရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။

Ref : gizmochina