[Zawgyi]

Honor က ၿဗိတိန္မွာ 9X ကို ေရာင္းေပးလိုက္ပါၿပီ။ အလန္းစား စြမ္းရည္သင့္ ဖုန္းကို  Argos, Carphone Warehouse နဲ႔ Mobile Phones Direct တို႔ကေန ၀ယ္ယူႏိုင္ၿပီ ျဖစ္ပါတယ္။ မၾကာခင္မွာ Amazon နဲ႔ Honor ရဲ႕ ကိုယ္ပိုင္ Official Store ေတြကို ေရာက္လာေတာ့မယ္ထင္ပါတယ္။ 4/128GB ေမာ္ဒယ္ကို ၂၄၉ စတာလင္ေပါင္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၈၀,၀၀၀ ေလာက္ရွိပါတယ္။

ထူးဆန္းတာက 4/128GB ေမာ္ဒယ္ကိုပဲ နယ္သာလန္မွာ သိပ္မၾကာခင္က ယူရို ၁၉၉ နဲ႔ပဲ ေရာင္းေပးထားတာျဖစ္ၿပီး ျမန္မာေငြ ၃၃၀,၀၀၀ ေလာက္ပဲရွိပါတယ္။ ဘာ့ေၾကာင့္ ေစ်းအမ်ားႀကီးကြာေနလဲဆိုတာေတာ့ မေျပာတတ္ပါဘူး။

Honor 9X မွာ ၆.၅၉ လက္မ 1080×2340 19.5:9 LCD Touchscreen ထည့္သြင္းထားပါတယ္။ Honor 9X ေတြမွာ Kirin 710F ဗားရွင္းနဲ႔ Kirin 810 ဗားရွင္း ၂မ်ိဴးရွိၿပီး ၿဗိတန္မွာ ေရာင္းတဲ့ ဗားရွင္းက Kirin 710F ကို အသုံးျပဳထားတယ္လို႔ ယူဆရပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး တပ္ဆင္ထားၿပီး 48 MP Main, 8 MP Ultrawide နဲ႔ 2 MP Depth Sensor ေတြ ျဖစ္ပါတယ္။ Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ၿပီး 16MP ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design က အရမ္းလန္းပါတယ္။

4,000mAh Battery နဲ႔ Android 9 Pie အေျချပဳ EMUI 9.1 ထည့္သြင္းထားပါတယ္။  Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။

Ref : gsmarena

[Unicode]

Honor 9X ကို ဗြိတိန်မှာ စတာလင်ပေါင် ၂၄၉ နဲ့ရောင်းချ

Honor က ဗြိတိန်မှာ 9X ကို ရောင်းပေးလိုက်ပါပြီ။ အလန်းစား စွမ်းရည်သင့် ဖုန်းကို Argos, Carphone Warehouse နဲ့ Mobile Phones Direct တို့ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ Amazon နဲ့ Honor ရဲ့ ကိုယ်ပိုင် Official Store တွေကို ရောက်လာတော့မယ်ထင်ပါတယ်။ 4/128GB မော်ဒယ်ကို ၂၄၉ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၄၈၀,၀၀၀ လောက်ရှိပါတယ်။

ထူးဆန်းတာက 4/128GB မော်ဒယ်ကိုပဲ နယ်သာလန်မှာ သိပ်မကြာခင်က ယူရို ၁၉၉ နဲ့ပဲ ရောင်းပေးထားတာဖြစ်ပြီး မြန်မာငွေ ၃၃၀,၀၀၀ လောက်ပဲရှိပါတယ်။ ဘာ့ကြောင့် ဈေးအများကြီးကွာနေလဲဆိုတာတော့ မပြောတတ်ပါဘူး။

Honor 9X မှာ ၆.၅၉ လက်မ 1080×2340 19.5:9 LCD Touchscreen ထည့်သွင်းထားပါတယ်။ Honor 9X တွေမှာ Kirin 710F ဗားရှင်းနဲ့ Kirin 810 ဗားရှင်း ၂မျိူးရှိပြီး ဗြိတန်မှာ ရောင်းတဲ့ ဗားရှင်းက Kirin 710F ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 48 MP Main, 8 MP Ultrawide နဲ့ 2 MP Depth Sensor တွေ ဖြစ်ပါတယ်။ Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပြီး 16MP ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design က အရမ်းလန်းပါတယ်။

4,000mAh Battery နဲ့ Android 9 Pie အခြေပြု EMUI 9.1 ထည့်သွင်းထားပါတယ်။ Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။

Ref : gsmarena