Honor ကနေ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက တရုတ်နိုင်ငံမှာ Honor 9X နဲ့ 9X Pro ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Honor ကနေ Honor 9X Lite ဖုန်းကိုပါ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Honor 9X Lite စမတ်ဖုန်းကို Finland နိုင်ငံမှာ အရင်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီး ယခင် Honor 9X နဲ့ Honor 8X ဖုန်းတွေနဲ့တူညီမှုတွေအများအပြားရှိနေပါတယ်။ Display အနေနဲ့ကတော့ 6.5″ Full HD+ ရှိမှာဖြစ်ပြီး Notch ပါဝင်တဲ့ 19.5:9 Aspect Ratio ကို အသုံးပြုထားပါတယ်။

Performance ပိုင်းမှာတော့ Kirin 710 Chipset ကို အသုံးပြုထားပြီးတော့ RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 128GB ထည့်သွင်းထားသလို MicroSD ကနေ ထပ်တိုးချဲ့နိုင်မှာပါ။

Camera ပိုင်းမှာတော့ Dual Camera Setup ကို အသုံးပြုထားပြီးတော့ 48MP Primary Sensor အပြင် 2MP Depth Sensor ပါဝင်မှာပါ။ Selfie Camera အနေနဲ့ 16MP Camera ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Fingerprint အနေနဲ့ကတော့ အနောက်ဖက်မှာပဲထည့်သွင်းထားမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 3750mAh Battery ပါဝင်မှာဖြစ်ပြီး USB-C အပြင် 10W Charging ကိုလည်း Support ပြုလုပ်မယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ 199 Euro (မြန်မာငွေ ၃ သိန်းဝန်းကျင်) သတ်မှတ်ထားတာဖြစ်ပါတယ်။

Ref – Gizmo China