Honor က စွမ်းရည်မြင့် MagicBook 14 2023 Laptop ကို ကြေညာလိုက်ပြီး 13th-Gen Core i5 Processor မောင်းနှင်ထားပါတယ်။ Turbo 2.0 OS ထည့်သွင်းထားပြီး စွမ်းရည်မြင့် မော်ဒယ်မှာ 1TB Storage ပါလာပါတယ်။

Honor Magicbook 14 2023

Honor MagicBook 14 2023 ရဲ့ ဒီဇိုင်းက လှပပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ ကိုယ်ထည်က အကြမ်းခံပြီး ၁၄.၂ လက်မ မျက်နှာပြင် ပါပါတယ်။ Screen-to-body Ratio က ၉၁.၅ ရာခိုင်နှုန်း ရှိပြီး Resolution က 2520x1680p ဖြစ်ပါတယ်။ 460nits Peak Brightness နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပြီး 1.07 Billion Color နဲ့ 100% sRGB Color Gamut ထုတ်လုပ်ပေးနိုင်ပါတယ်။ Triple Eye Protection Certification ရရှိထားပါတယ်။

Honor Magicbook 14 2023 display

Laptop မှာ 13th-Gen Core i5-13500H Processor မောင်းနှင်ထားပြီး NVIDIA GeForce RTX 3050 Discrete Graphics Card Version ကို ရွေးချယ်နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားစေဖို့ အပူစုပ်ယူတဲ့ ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။

Honor MagicBook 14 2023 မှာ 75Wh Battery နဲ့ Battery သက်တမ်း ကောင်းမွန်စေဖို့ စွမ်းအင် စားသုံးမှု လျှော့ချပေးတဲ့ OS Turbo 2.0 နည်းပညာ ထည့်သွင်းထားပါတယ်။ အားအပြည့်သွင်းထားရင် ဘက်ထရီ သက်တမ်း ၁၅ နာရီ အထိ ထောက်ပံ့ပေးပါတယ်။

ဈေးနှုန်း

Storage Configuration  ၂ မျိုး ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • i5-13500H+16G+512G: 4999 yuan ($727 USD)
  • i5-13500H+16G+1TB: 5299 yuan ($770 USD)

တရုတ်မှာ ဒီလ ၁၉ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina