[Zawgyi]

Honor Band 4 က ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ေၾကညာခဲ့တာပါ။ အခုေတာ့ Honor Band 4 ကို ဆက္ခံမယ့္ ေနာက္ထပ္မ်ိဳးဆက္သစ္ Honor Band တစ္ခု ထပ္ၿပီး မိတ္ဆက္ဖို႔ သိပ္မလိုေတာ့ဘူးလို႔ သိရပါတယ္။ နာမည္ကိုေတာ့ Honor Band 5 လို႔ပဲ ေခၚတြင္သြားဖြယ္ ရွိေနတာပါ။

ကုမၸဏီရဲ႕ ဥကၠ႒ျဖစ္သူ George Zhao က Fitness Band သစ္တစ္ခုရဲ႕ဓါတ္ပုံကို တ႐ုတ္လူမႈကြန္ရက္ Weibo မွာ လႊင့္တင္လိုက္ပါတယ္။ ဒါေၾကာင့္ Honor Band 5 ကို မိတ္ဆက္မယ့္အခ်ိန္က သိပ္မေဝးေတာ့ဘူးလို႔ ခန႔္မွန္းေနၾကတာပါ။ Zhao မွ်ေဝလိုက္တဲ့ ဓါတ္ပုံထဲက Fitness Band ဟာ Band 4 နဲ႔ အေတာ္ေလးကို ဆင္တူေနပါတယ္။

Fitness Band သစ္ကလည္း မ်က္ႏွာျပင္မွာ အေရာင္နဲ႔ျမင္ေတြ႕ရတာေၾကာင့္ AMOLED မ်က္ႏွာျပင္သုံးထားတယ္လို႔ ေကာက္ခ်က္ခ်ရမွာပါ။ ၿပီးေတာ့ မ်က္ႏွာျပင္မွာ စက္ဝိုင္းပုံစံ ခလုတ္တစ္ခုလည္း ပူးတြဲပါဝင္ေနပါေသးတယ္။ လက္ရွိျမင္ေတြ႕ရသမွ်ကေတာ့ Band 4 နဲ႔ အတူတူပဲျဖစ္တာေၾကာင့္ အေသးစိတ္အခ်က္အလက္ေတြကပဲ ကြာျခားမႈကို ေဖာ္ျပႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Teaser အရ Band 5 ဟာ Band 4 လိုပဲ ႏွလုံးခုန္ႏႈန္းကို ေစာင့္ၾကည့္တိုင္းတာ ႏိုင္မယ္လို႔ သိႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ ေသြးတြင္းေအာက္စီဂ်င္ပမာဏတိုင္းတာမ်ိဳး၊ ပင္ပန္းႏြမ္းနယ္ေနတာမ်ိဳး၊ အာ႐ုံစူးစိုက္မႈေလ်ာ့နည္းေနတာမ်ိဳး၊ မူးေဝတာမ်ိဳးေတြကို ေထာက္လွမ္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ အိပ္စက္ျခင္းကိုလည္း ေစာင့္ၾကည့္ေပးႏိုင္ဦးမွာ ျဖစ္ပါတယ္။

Zhao ကေတာ့ Band 5 ကို မိတ္ဆက္ျဖန႔္ခ်ိမယ့္ ရက္ကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ လာမယ့္ ဇူလိုင္လ ၂၃ ရက္၊ Honor 9X ကို မိတ္ဆက္မယ့္ရက္မွာ တစ္ပါတည္း မိတ္ဆက္လာဖြယ္ရွိပါတယ္။ Band 4 တုန္းကေတာ့ ေဒၚလာ ၃၀ ( ၄ေသာင္းခြဲဝန္းက်င္) နဲ႔ ေရာင္းခ်ခဲ့တာေၾကာင့္ Band 5 ကိုလည္း ဒီေဈးႏႈန္းဝန္းက်င္နဲ႔ပဲ ေရာင္းခ်လာဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Honor Band 5 ပုံရိပ် ထွက်ပေါ်လာ၊ Honor 9X နဲ့အတူ မိတ်ဆက်လာဖွယ်ရှိ

Honor Band 4 က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကြေညာခဲ့တာပါ။ အခုတော့ Honor Band 4 ကို ဆက်ခံမယ့် နောက်ထပ်မျိုးဆက်သစ် Honor Band တစ်ခု ထပ်ပြီး မိတ်ဆက်ဖို့ သိပ်မလိုတော့ဘူးလို့ သိရပါတယ်။ နာမည်ကိုတော့ Honor Band 5 လို့ပဲ ခေါ်တွင်သွားဖွယ် ရှိနေတာပါ။

ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ George Zhao က Fitness Band သစ်တစ်ခုရဲ့ဓါတ်ပုံကို တရုတ်လူမှုကွန်ရက် Weibo မှာ လွှင့်တင်လိုက်ပါတယ်။ ဒါကြောင့် Honor Band 5 ကို မိတ်ဆက်မယ့်အချိန်က သိပ်မဝေးတော့ဘူးလို့ ခန့်မှန်းနေကြတာပါ။ Zhao မျှဝေလိုက်တဲ့ ဓါတ်ပုံထဲက Fitness Band ဟာ Band 4 နဲ့ အတော်လေးကို ဆင်တူနေပါတယ်။

Fitness Band သစ်ကလည်း မျက်နှာပြင်မှာ အရောင်နဲ့မြင်တွေ့ရတာကြောင့် AMOLED မျက်နှာပြင်သုံးထားတယ်လို့ ကောက်ချက်ချရမှာပါ။ ပြီးတော့ မျက်နှာပြင်မှာ စက်ဝိုင်းပုံစံ ခလုတ်တစ်ခုလည်း ပူးတွဲပါဝင်နေပါသေးတယ်။ လက်ရှိမြင်တွေ့ရသမျှကတော့ Band 4 နဲ့ အတူတူပဲဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကပဲ ကွာခြားမှုကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Teaser အရ Band 5 ဟာ Band 4 လိုပဲ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာ နိုင်မယ်လို့ သိနိုင်ပါတယ်။ ဒီအတွက်ကြောင့် သွေးတွင်းအောက်စီဂျင်ပမာဏတိုင်းတာမျိုး၊ ပင်ပန်းနွမ်းနယ်နေတာမျိုး၊ အာရုံစူးစိုက်မှုလျော့နည်းနေတာမျိုး၊ မူးဝေတာမျိုးတွေကို ထောက်လှမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းကိုလည်း စောင့်ကြည့်ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

Zhao ကတော့ Band 5 ကို မိတ်ဆက်ဖြန့်ချိမယ့် ရက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လာမယ့် ဇူလိုင်လ ၂၃ ရက်၊ Honor 9X ကို မိတ်ဆက်မယ့်ရက်မှာ တစ်ပါတည်း မိတ်ဆက်လာဖွယ်ရှိပါတယ်။ Band 4 တုန်းကတော့ ဒေါ်လာ ၃၀ ( ၄သောင်းခွဲဝန်းကျင်) နဲ့ ရောင်းချခဲ့တာကြောင့် Band 5 ကိုလည်း ဒီဈေးနှုန်းဝန်းကျင်နဲ့ပဲ ရောင်းချလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Ref: GSMArena