[Zawgyi]

ဒီတေခါက္မွာေတာ့ ကြၽန္ေတာ္တို႔ MyTech Myanmar ကေန ခါတိုင္းလိုမ်ိဴး စမတ္ဖုန္းအေၾကာင္းေတြ၊ ကြန္ပ်ဴတာအေၾကာင္းေတြ မဟုတ္ဘဲ Fitness Band ေလးအေၾကာင္းကို ေျပာျပေပးသြားပါ့မယ္။ အဲ့ဒီ Fitness Band ေလးကေတာ့ HONOR ကေန မၾကာေသးခင္တုန္းကမွ မိတ္ဆက္ထားတဲ့ HONOR Band 5 ပဲ ျဖစ္ပါတယ္။ HONOR Band 5 ဟာ ခပ္ႀကီးႀကီး AMOLED Display ကို အသုံးျပဳထားၿပီး Feature စုံစုံလင္လင္ ပါတဲ့အျပင္ ေစ်းႏႈန္းကလည္း ခ်ိဴသာတဲ့ Fitness Band အမ်ိဴးအစား ျဖစ္ပါတယ္။

HONOR Band 5 မွာ အသုံးျပဳထားတဲ့ Display ဟာ ဆိုရင္ AMOLED Touch Screen အမ်ိဴးအစားျဖစ္ၿပီး အ႐ြယ္အစားက ၀.၉၅ လက္မ ရွိပါတယ္။ Resolution ကေတာ့ 240 x 120 pixels ပါ။ Pixel Density က 282 ppi ရွိၿပီး 2.5D Curved Glass ကို အသုံးျပဳေပးထားပါတယ္။ Color Display ျဖစ္တဲ့အတြက္ အေရာင္အေသြး စုံစုံလင္လင္နဲ႔ အသုံးျပဳႏိုင္မွာျဖစ္ၿပီး၊ Touch Screen နဲ႔အတူ Home Key ပါတာေၾကာင့္ အသုံးျပဳရတာ လြယ္ကူျမန္ဆန္တဲ့ User Experience ကို ရရွိေစမွာပါ။ ဒါ့အျပင္ မိမိႀကိဳက္ႏွစ္သက္တဲ့၊ မိမိနဲ႔ လိုက္ဖက္မယ့္ Watch Face (Clock Face) ေတြကို အသုံးျပဳႏိုင္ဖို႔ HONOR Clock Face Store ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

HONOR Band 5 မွာ မိမိရဲ႕ ႏွလုံးခုန္ႏႈန္းကို အခ်ိန္ျပည့္ေစာင့္ၾကည့္ေပးေနမယ့္ A.I. နည္းပညာ အသုံးျပဳ HUAWEI TruSeen 3.0 နည္းပညာ ပါဝင္ပါတယ္။ ဒီနည္းပညာက ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့အခါမွာ အသိေပးႏိုင္တဲ့အတြက္ မိမိရဲ႕ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳတယ္လို႔ ေျပာရမွာပါ။ ဒါ့အျပင္ လူ႔ခႏၶာကိုယ္ ေသြးေၾကာထဲက ေအာက္စီဂ်င္လည္ပတ္မႈ Level ကို တိုင္းတာေပးမယ့္ SpO2 Monitor ဆိုတဲ့ Feature ကိုလည္း HONOR Band 5 မွာ ထည့္သြင္းေပးထားပါေသးတယ္။ ဒီ Feature ကေတာ့ ေလ့က်င့္ခန္း လုပ္ေနစဥ္အတြင္း ဒါမွမဟုတ္ ေလ့က်င့္ခန္းလုပ္အၿပီးနဲ႔ ေတာင္ေပၚလိုမ်ိဴး ျမင့္မားတဲ့ေနရာေတြမွာ မိမိရဲ႕ ခႏၶာကိုယ္ရွိ ႂကြက္သားေတြထဲကို ေအာက္စီဂ်င္ လုံေလာက္စြာ စီးဆင္းမႈ ရွိ၊ မရွိ တိုင္းတာႏိုင္ဖို႔ ျဖစ္ပါတယ္။ (HONOR Band 5 ဟာ ေဆးဘက္ဆိုင္ရာ စက္ပစၥည္းအျဖစ္ အစားထိုးထားတဲ့ Device မဟုတ္သလို SpO2 Monitor ကလည္း ေစ်းကြက္နဲ႔ ေဒသအလိုက္ ရရွိႏိုင္မႈ ကြဲျပားပါတယ္။)

HONOR Band 5 ဟာ က်န္းမာေရး လိုက္စားသူေတြ အတြက္သာမက ေလ့က်င့္ခန္း အျပင္းအထန္ လုပ္တဲ့သူေတြအတြက္ပါ သင့္ေတာ္တဲ့ Fitness Band ျဖစ္ပါတယ္။ ေလ့က်င့္ခန္း လုပ္ရာမွာ Indoor ေရာ Outdoor ပါ ၂မ်ိဴးစလုံး လုပ္ႏိုင္ေအာင္ ေထာက္ပံ့ေပးထားၿပီး ေလ့က်င့္ခန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို အေသးစိတ္ ေဖာ္ျပေပးပါတယ္။ ဥပမာအားျဖင့္ မိမိက HONOR Band 5 ကို ဝတ္ဆင္ၿပီး ေျပးေနတယ္ဆိုရင္ ၾကာျမင့္ခ်ိန္၊ ျမန္ႏႈန္း၊ ကယ္လိုရီေလာင္ကြၽမ္းမႈ ပမာဏ၊ ႏွလုံးခုန္ႏႈန္းနဲ႔ ေျခလွမ္း စတာေတြကို တြက္ခ်က္ ျပသေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ HONOR Band 5 မွာ Water-resistant (Up to 50M) ပါရွိတဲ့အတြက္ ေရခ်ိဴးတဲ့အခါ ဒါမွမဟုတ္ ေရကူးတဲ့အခါေတြမွာ ဝတ္ဆင္အသုံးျပဳႏိုင္ပါတယ္။ ေရကူးတဲ့အခါမွာဆိုရင္လည္း Six-axis Sensor တပ္ဆင္ေပးထားတဲ့အတြက္ ေရကူးေလ့က်င့္ခန္းေတြကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

HUAWEI ရဲ႕ TruSleep 2.0 နည္းပညာကို HONOR Band 5 မွာ ထည့္သြင္းေပးထားပါတယ္။ ဒီနည္းပညာက မိမိအိပ္စက္တဲ့ အေလ့အက်င့္ေတြကို ေလ့လာဆန္းစစ္ၿပီး ပိုမိုေကာင္းမြန္တဲ့ အိပ္စက္ျခင္းေတြ ရရွိေအာင္ အႀကံျပဳခ်က္ေတြ ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ HONOR Band 5 မွာ စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ Feature ေတြလည္း ပါလာပါေသးတယ္။ အဲ့ဒါကေတာ့ မိမိဖုန္းရဲ႕ တည္ေနရာကို ရွာႏိုင္တဲ့ Phone Finder, Message Reminder နဲ႔ Selfie ဒါမွမဟုတ္ Group Photo ေတြ ႐ိုက္ကူးႏိုင္မယ့္ Remote Picture Taking တို႔ ျဖစ္ပါတယ္။ (ဒီ Features ေတြက MagicUI အသုံးျပဳ HONOR ဖုန္းေတြ အတြက္ပဲ ေထာက္ပံ့ေပးထားပါတယ္။)

HONOR Band 5 ရဲ႕ ဘက္ထရီသက္တမ္းဟာ TruSleep နဲ႔ Continuous Heart Rate Monitoring ေတြကို ဖြင့္ၿပီး အသုံးျပဳမယ္ဆိုရင္ ၆ရက္ အသုံးခံမွာျဖစ္ပါတယ္။ TruSleep ကို ဖြင့္၊ Continuous Heart Rate Monitoring ကို ပိတ္ၿပီး အသုံးျပဳမယ္ဆိုရင္ေတာ့ ၉ရက္ အသုံးခံမယ္လို႔ သိရပါတယ္။ အဲ့ဒီလိုမ်ိဴး မဟုတ္ဘဲ TruSleep ေရာ Continuous Heart Rate Monitoring ကိုပါ ၂ခုစလုံး ပိတ္ၿပီး အသုံးျပဳမယ္ဆိုရင္ေတာ့ ၁၄ရက္အထိ အသုံးခံမယ္လို႔ ဆိုပါတယ္။

HONOR Band 5 ရဲ႕ ပုံမွန္ေဈးက ၃၈,၉၀၀ က်ပ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏိုဝင္ဘာလ ၁၁ရက္ေန႔ကေန ၁၅ရက္ေန႔အထိ Shop.com.mm ကေနၿပီးေတာ့ ၃၆,၉၀၀ က်ပ္နဲ႔ ေဈးေလွ်ာ့ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ HONOR Band 5 ထက္ ေဈးသက္သာတဲ့ HONOR Band 5 Sport ဆိုတာလည္း ရွိပါေသးတယ္။ Sport ေမာ္ဒယ္မွာေတာ့ LED (Black & White) Display ကိုသာ အသုံးျပဳထားတာျဖစ္ၿပီး Heart Rate Monitoring နဲ႔ Watch Market တို႔ကို ေထာက္ပံ့ထားျခင္း မရွိပါဘူး။ HONOR Band 5 Sport ရဲ႕ ပုံမွန္ေဈးက ၂၃,၉၀၀ က်ပ္ ျဖစ္ၿပီး Shop.com.mm မွာ ေရာင္းခ်သြားမယ့္ ေလွ်ာ့ေဈးက ၂၁,၉၀၀ က်ပ္ ျဖစ္ပါတယ္။

[Unicode]

AMOLED Display ကြီးနဲ့အတူ Feature စုံစုံလင်လင်ပါပြီး စျေးချိူတဲ့ HONOR Band 5

ဒီတခေါက်မှာတော့ ကျွန်တော်တို့ MyTech Myanmar ကနေ ခါတိုင်းလိုမျိူး စမတ်ဖုန်းအကြောင်းတွေ၊ ကွန်ပျူတာအကြောင်းတွေ မဟုတ်ဘဲ Fitness Band လေးအကြောင်းကို ပြောပြပေးသွားပါ့မယ်။ အဲ့ဒီ Fitness Band လေးကတော့ HONOR ကနေ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားတဲ့ HONOR Band 5 ပဲ ဖြစ်ပါတယ်။ HONOR Band 5 ဟာ ခပ်ကြီးကြီး AMOLED Display ကို အသုံးပြုထားပြီး Feature စုံစုံလင်လင် ပါတဲ့အပြင် စျေးနှုန်းကလည်း ချိူသာတဲ့ Fitness Band အမျိူးအစား ဖြစ်ပါတယ်။

HONOR Band 5 မှာ အသုံးပြုထားတဲ့ Display ဟာ ဆိုရင် AMOLED Touch Screen အမျိူးအစားဖြစ်ပြီး အရွယ်အစားက ၀.၉၅ လက်မ ရှိပါတယ်။ Resolution ကတော့ 240 x 120 pixels ပါ။ Pixel Density က 282 ppi ရှိပြီး 2.5D Curved Glass ကို အသုံးပြုပေးထားပါတယ်။ Color Display ဖြစ်တဲ့အတွက် အရောင်အသွေး စုံစုံလင်လင်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Touch Screen နဲ့အတူ Home Key ပါတာကြောင့် အသုံးပြုရတာ လွယ်ကူမြန်ဆန်တဲ့ User Experience ကို ရရှိစေမှာပါ။ ဒါ့အပြင် မိမိကြိုက်နှစ်သက်တဲ့၊ မိမိနဲ့ လိုက်ဖက်မယ့် Watch Face (Clock Face) တွေကို အသုံးပြုနိုင်ဖို့ HONOR Clock Face Store ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

HONOR Band 5 မှာ မိမိရဲ့ နှလုံးခုန်နှုန်းကို အချိန်ပြည့်စောင့်ကြည့်ပေးနေမယ့် A.I. နည်းပညာ အသုံးပြု HUAWEI TruSeen 3.0 နည်းပညာ ပါဝင်ပါတယ်။ ဒီနည်းပညာက နှလုံးခုန်နှုန်း မူမမှန်တဲ့အခါမှာ အသိပေးနိုင်တဲ့အတွက် မိမိရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် လူ့ခန္ဓာကိုယ် သွေးကြောထဲက အောက်စီဂျင်လည်ပတ်မှု Level ကို တိုင်းတာပေးမယ့် SpO2 Monitor ဆိုတဲ့ Feature ကိုလည်း HONOR Band 5 မှာ ထည့်သွင်းပေးထားပါသေးတယ်။ ဒီ Feature ကတော့ လေ့ကျင့်ခန်း လုပ်နေစဥ်အတွင်း ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်အပြီးနဲ့ တောင်ပေါ်လိုမျိူး မြင့်မားတဲ့နေရာတွေမှာ မိမိရဲ့ ခန္ဓာကိုယ်ရှိ ကြွက်သားတွေထဲကို အောက်စီဂျင် လုံလောက်စွာ စီးဆင်းမှု ရှိ၊ မရှိ တိုင်းတာနိုင်ဖို့ ဖြစ်ပါတယ်။ (HONOR Band 5 ဟာ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းအဖြစ် အစားထိုးထားတဲ့ Device မဟုတ်သလို SpO2 Monitor ကလည်း စျေးကွက်နဲ့ ဒေသအလိုက် ရရှိနိုင်မှု ကွဲပြားပါတယ်။)

HONOR Band 5 ဟာ ကျန်းမာရေး လိုက်စားသူတွေ အတွက်သာမက လေ့ကျင့်ခန်း အပြင်းအထန် လုပ်တဲ့သူတွေအတွက်ပါ သင့်တော်တဲ့ Fitness Band ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ရာမှာ Indoor ရော Outdoor ပါ ၂မျိူးစလုံး လုပ်နိုင်အောင် ထောက်ပံ့ပေးထားပြီး လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြပေးပါတယ်။ ဥပမာအားဖြင့် မိမိက HONOR Band 5 ကို ဝတ်ဆင်ပြီး ပြေးနေတယ်ဆိုရင် ကြာမြင့်ချိန်၊ မြန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏ၊ နှလုံးခုန်နှုန်းနဲ့ ခြေလှမ်း စတာတွေကို တွက်ချက် ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် HONOR Band 5 မှာ Water-resistant (Up to 50M) ပါရှိတဲ့အတွက် ရေချိူးတဲ့အခါ ဒါမှမဟုတ် ရေကူးတဲ့အခါတွေမှာ ဝတ်ဆင်အသုံးပြုနိုင်ပါတယ်။ ရေကူးတဲ့အခါမှာဆိုရင်လည်း Six-axis Sensor တပ်ဆင်ပေးထားတဲ့အတွက် ရေကူးလေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

HUAWEI ရဲ့ TruSleep 2.0 နည်းပညာကို HONOR Band 5 မှာ ထည့်သွင်းပေးထားပါတယ်။ ဒီနည်းပညာက မိမိအိပ်စက်တဲ့ အလေ့အကျင့်တွေကို လေ့လာဆန်းစစ်ပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းတွေ ရရှိအောင် အကြံပြုချက်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် HONOR Band 5 မှာ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Feature တွေလည်း ပါလာပါသေးတယ်။ အဲ့ဒါကတော့ မိမိဖုန်းရဲ့ တည်နေရာကို ရှာနိုင်တဲ့ Phone Finder, Message Reminder နဲ့ Selfie ဒါမှမဟုတ် Group Photo တွေ ရိုက်ကူးနိုင်မယ့် Remote Picture Taking တို့ ဖြစ်ပါတယ်။ (ဒီ Features တွေက MagicUI အသုံးပြု HONOR ဖုန်းတွေ အတွက်ပဲ ထောက်ပံ့ပေးထားပါတယ်။)

HONOR Band 5 ရဲ့ ဘက်ထရီသက်တမ်းဟာ TruSleep နဲ့ Continuous Heart Rate Monitoring တွေကို ဖွင့်ပြီး အသုံးပြုမယ်ဆိုရင် ၆ရက် အသုံးခံမှာဖြစ်ပါတယ်။ TruSleep ကို ဖွင့်၊ Continuous Heart Rate Monitoring ကို ပိတ်ပြီး အသုံးပြုမယ်ဆိုရင်တော့ ၉ရက် အသုံးခံမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမျိူး မဟုတ်ဘဲ TruSleep ရော Continuous Heart Rate Monitoring ကိုပါ ၂ခုစလုံး ပိတ်ပြီး အသုံးပြုမယ်ဆိုရင်တော့ ၁၄ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။

HONOR Band 5 ရဲ့ ပုံမှန်ဈေးက ၃၈,၉၀၀ ကျပ် ဖြစ်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၁၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ Shop.com.mm ကနေပြီးတော့ ၃၆,၉၀၀ ကျပ်နဲ့ ဈေးလျှော့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် HONOR Band 5 ထက် ဈေးသက်သာတဲ့ HONOR Band 5 Sport ဆိုတာလည်း ရှိပါသေးတယ်။ Sport မော်ဒယ်မှာတော့ LED (Black & White) Display ကိုသာ အသုံးပြုထားတာဖြစ်ပြီး Heart Rate Monitoring နဲ့ Watch Market တို့ကို ထောက်ပံ့ထားခြင်း မရှိပါဘူး။ HONOR Band 5 Sport ရဲ့ ပုံမှန်ဈေးက ၂၃,၉၀၀ ကျပ် ဖြစ်ပြီး Shop.com.mm မှာ ရောင်းချသွားမယ့် လျှော့ဈေးက ၂၁,၉၀၀ ကျပ် ဖြစ်ပါတယ်။