Honor က နိုင်ငံတကာအတွက် ထုတ်ကုန် ၂ ခုကို ရောင်းချပေးလိုက်ပါတယ်။ Honor Band 6 နဲ့ Intel Processor ပါတဲ့ Honor MagicBook Pro တို့ ဖြစ်ပြီး ၂ ခုစလုံးကို မကြာခင် ရောင်းချပေးတော့မှာပါ။ Honor Band 6 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပြီး ၁.၄၇ လက်မ လေးထောင့် AMOLED မျက်နှာပြင် ပါပါတယ်။ မျက်နှာပြင်ကို 2.5D Curved Glass နဲ့ ဖုံးအုပ်ထားပါတယ်။

Honor introduces Band 6 to the global scene, Intel-powered MagicBook Pro tags along

သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ နှလုံးခုန်နှုန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးမှု၊ အမျိုးသမီး ဓမ္မတာ စက်ဝန်းတွေကို တိုင်းတာပေးနိုင်ပြီး Workout Mode ၁၀ ခုထဲက ၆ ခုကို အလိုလို အာရုံခံနိုင်ပါတယ်။ Honor က NFC မပါတဲ့ Band 6 ကို နိုင်ငံတကာမှာ ရောင်းမှာ ဖြစ်ပြီး ၃၅ ဒေါ်လာပဲ ရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သောင်း ၆ ထောင်လောက်ကျသင့်မှာပါ။

Honor introduces Band 6 to the global scene, Intel-powered MagicBook Pro tags along

Honor MagicBook Pro ကို လွန်ခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့တာ ဖြစ်ပြီး AMD Ryzen 4600H CPU ထည့်သွင်းထားပါတယ်။ အခုတော့ Honor က Intel Core i5-10210U Processor နဲ့ GeForce MX350 GPU ထည့်သွင်းထားတဲ့ မော်ဒယ်ကို နိုင်ငံတကာမှာ ရောင်းပေးတော့မှာပါ။ တခြား Specs တွေကတော့ အရင် မော်ဒယ်နဲ့ တူညီပြီး ၁၆.၁ လက်မ မျက်နှာပြင်၊ 16GB RAM နဲ့ 512GB Storage တွေ ထည့်သွင်းထားပါတယ်။ ဘက်ထရီက 56 Wh ဖြစ်ပြီး 65W Fast Charger ပါပါတယ်။

MagicBook Pro ကို ဒေါ်လာ ၁ ထောင်လောက်နဲ့ ရောင်းနိုင်ပြီး ၁၃ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။ နိုင်ငံအလိုက် ဈေးကွာခြားနိုင်ပါတယ်။

Ref : gsmarena