[Zawgyi]

ဂ်ာမနီႏုိင္ငံမွာ Gamescom ကို ႏွစ္တိုင္း က်င္းပေလ့ရွိၿပီး ဒီႏွစ္မွာလည္း ၾသဂုတ္လ ၂၀ ရက္ေန႔ကစတင္ က်င္းပခဲ့ပါတယ္။ ၂၄ ရက္ေန႔မွာ ပြဲၿပီးဆံုးမွာပါ။ အဲဒီပြဲမွာ တရုတ္ ကုမၸဏီ Honor က Honor GamePad ကို မိတ္ဆက္လိုက္ပါတယ္။

Honor GamePad ကို စမတ္ဖုန္းေတြမွာ  တပ္ဆင္ ကစားႏုိင္ပါတယ္။ Bluetooth ဆက္သြယ္မႈနဲ႔ ခ်ိတ္ဆက္တာ ျဖစ္ၿပီး စမတ္ဖုန္းကေန GamePad ကို အားသြင္းဖို႔နဲ႔ GamePad ကေန စမတ္ဖုန္းကို အားသြင္းဖို႔ USB-C Port ပါပါတယ္။ GamePad မွာ 400mAh Battery ထည့္သြင္းထားပါေသးတယ္။ ဘက္ထရီ အားကုန္သြားရင္ ဖုန္းကို USB-C ကေန ခ်ိတ္ဆက္ၿပီး ဖုန္းက ပံ့ပိုးေပးတဲ့ စြမ္းအင္နဲ႔ ဆက္လက္ ကစားႏုိင္ပါတယ္။

Honor GamePad ဟာ အနက္ေရာင္ျဖစ္ၿပီး အ၀ါေရာင္ Button ေတြ ပါပါတယ္။ ဖုန္းရဲ႕ ဘယ္ဘက္ ဒါမွမဟုတ္ ညာဘက္မွာ တပ္ဆင္ကစားရမွာ ျဖစ္ပါတယ္။ ထိပ္မွာ Trigger Button ၊ Joystick နဲ႔ D-pad တို႔ကို ၁ ခုစီ ထည့္သြင္းထားပါတယ္။ D-pad ေအာက္မွာ အနက္ေရာင္ Button  ၁ ခုလည္း ပါပါတယ္။ ဂိမ္းရဲ႕ Settings အေပၚ မူတည္ၿပီး အဲဒီ Buttons ေတြကို Customize လုပ္ႏုိင္ပါတယ္။

Honor က GamePad ကို ေရာင္းမယ့္ အခ်ိန္နဲ႔ ေစ်းကို မေျပာေသးပါဘူး။ ဒါေပမယ့္ ဒီႏွစ္ေႏွာင္းပိုင္းမွာ အေနာက္ ဥေရာမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ GamePad ကို Honor Phones ေတြအတြက္ ဒီဇိုင္းထုတ္ထားတာ ျဖစ္ေပမယ့္ USB-C ပါတဲ့ ဖုန္းအမ်ားစုမွာ တပ္ဆင္ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

စမတ်ဖုန်းတွေအတွက် GamePad ကို ပြသလိုက်တဲ့ Honor

ဂျာမနီနိုင်ငံမှာ Gamescom ကို နှစ်တိုင်း ကျင်းပလေ့ရှိပြီး ဒီနှစ်မှာလည်း သြဂုတ်လ ၂၀ ရက်နေ့ကစတင် ကျင်းပခဲ့ပါတယ်။ ၂၄ ရက်နေ့မှာ ပွဲပြီးဆုံးမှာပါ။ အဲဒီပွဲမှာ တရုတ် ကုမ္ပဏီ Honor က Honor GamePad ကို မိတ်ဆက်လိုက်ပါတယ်။

Honor GamePad ကို စမတ်ဖုန်းတွေမှာ တပ်ဆင် ကစားနိုင်ပါတယ်။ Bluetooth ဆက်သွယ်မှုနဲ့ ချိတ်ဆက်တာ ဖြစ်ပြီး စမတ်ဖုန်းကနေ GamePad ကို အားသွင်းဖို့နဲ့ GamePad ကနေ စမတ်ဖုန်းကို အားသွင်းဖို့ USB-C Port ပါပါတယ်။ GamePad မှာ 400mAh Battery ထည့်သွင်းထားပါသေးတယ်။ ဘက်ထရီ အားကုန်သွားရင် ဖုန်းကို USB-C ကနေ ချိတ်ဆက်ပြီး ဖုန်းက ပံ့ပိုးပေးတဲ့ စွမ်းအင်နဲ့ ဆက်လက် ကစားနိုင်ပါတယ်။

Honor GamePad ဟာ အနက်ရောင်ဖြစ်ပြီး အဝါရောင် Button တွေ ပါပါတယ်။ ဖုန်းရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာ တပ်ဆင်ကစားရမှာ ဖြစ်ပါတယ်။ ထိပ်မှာ Trigger Button ၊ Joystick နဲ့ D-pad တို့ကို ၁ ခုစီ ထည့်သွင်းထားပါတယ်။ D-pad အောက်မှာ အနက်ရောင် Button ၁ ခုလည်း ပါပါတယ်။ ဂိမ်းရဲ့ Settings အပေါ် မူတည်ပြီး အဲဒီ Buttons တွေကို Customize လုပ်နိုင်ပါတယ်။

Honor က GamePad ကို ရောင်းမယ့် အချိန်နဲ့ ဈေးကို မပြောသေးပါဘူး။ ဒါပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ အနောက် ဥရောမှာ ရောင်းမယ်လို့ ပြောပါတယ်။ GamePad ကို Honor Phones တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပေမယ့် USB-C ပါတဲ့ ဖုန်းအများစုမှာ တပ်ဆင်နိုင်ပါတယ်။

Ref : gizmochina