ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက မော်ဒယ်နံပါတ် HJC-AN00/HJC-TN00 နဲ့ Honor ဖုန်းကို TENAA က အတည်ပြုချက်ပေးခဲ့ပါတယ်။ အဆိုပါ အသိအမှတ်ပြုမှုမှာ ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားပေမယ့် ရုပ်ပုံတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

TENAA listing အရ ဒါဟာ ဒီလအစောပိုင်းတုန်းက တရုတ်ဈေးကွက်မှာ တရားဝင်မိတ်ဆက်ခဲ့တဲ့ Huawei Nova 8 SE ကို အမှတ်တံဆိပ်ပြောင်းထားတယ်လို့ ယူဆခဲ့ကြပါတယ်။ အခုတော့ HJC-AN00/HJC-TN00 နဲ့ Device ကို ပုံရိပ်တွေနဲ့ Update ပြုလုပ်လိုက်ပါပြီ။ ကျောဘက်ပိုင်းဖော်ပြမှုအရ ကင်မရာတည်ဆောက်ပုံတွေဟာ Nova 8 SE နဲ့ မတူညီတာကို တွေ့မြင်ရပါတယ်။

Honor HJC-AN00/HJC-TN00 ဟာ 6.53-inch AMOLED display နဲ့ဖြစ်ပြီး Full HD+ resolution ဖြစ်ပါတယ်။ ဒါကြောင့် မြင့်မားတဲ့ Refresh Rate ကိုလည်းထောက်ပံ့မယ်လို့ မျှော်လင့်ရပါတယ်။ မျက်နှာပြင်မှာ Waterdrop notch ကိုတွေ့မြင်ရပြီး 16MP selfie ကင်မရာကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Fingerprint scanner ကိုတော့ မျက်နှာပြင်အောက်မှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်။

Huawei Nova 8 SE မှာတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ ကင်မရာလေးလုံး ထည့်သွင်းတပ်ဆင်ထားပြီး ကင်မရာတွေအလယ်မှာ LED ဖလက်ရှ်ကို နေရာချထားတာပါ။ Honor HJC-AN00/HJC-TN00 ရဲ့ ကင်မရာအိမ်ဖွဲ့စည်းမှုကတော့ ခပ်ရှည်ရှည်စတုဂံပုံစံဖြစ်ပြီး ကင်မရာနှစ်လုံးတစ်တွဲ၊ လေးလုံးရဲ့အောက်မှာမှ LED ဖလက်ရှ်ကို နေရာချထားတာ ဖြစ်ပါတယ်။ ကင်မရာတွေကတော့ 64MP အဓိကကင်မရာ၊ 8MP + 2MP + 2MP တို့ပဲ ဖြစ်ပါတယ်။

Nova 8 SE က Dimensity 720 နဲ့ Dimensity 800U အမျိုးအစားတွေနဲ့ မိတ်ဆက်ခဲ့တာပါ။ Honor HJC-AN00/HJC-TN00 ကတော့ Dimensity 800U SoC ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ 8GB of RAM နဲ့ Internal storage က 128GB/256GB နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။ 3,800mAh ဘက်ထရီနဲ့ 66W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ တရုတ်ဈေးကွက်ထဲမှာ Magic Night Black, Iceland Fantasy, Titanium Silver နဲ့ Emerald Blue စတဲ့အရောင်တွေနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: Gizmochina