Zawgyi

အခုေနာက္ပိုင္းမွာ စမတ္ဖုန္းကုမၸဏီေတြက သူတို႔ရဲ႕ အေကာင္းဆုံး စမတ္ဖုန္းေတြကို နာမည္ႀကီး ကားထုတ္လုပ္တဲ့ ကုမၸဏီေတြနဲ႔ ပူးေပါင္းၿပီး မိတ္ဆက္ေနၾကတာျဖစ္ပါတယ္။ အခုဆိုရင္လည္း Huawei က Porsche Design ၊ OnePlus က McLaren Edition ဆိုၿပီး ထုတ္လုပ္ထားၿပီးျဖစ္ပါတယ္။

အခုလည္း Honor ကေန လာမယ့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔မွာ မိတ္ဆက္သြားဖို႔ရွိေနတဲ့ Honor V30 Series ဖုန္းေတြမွာ ေနာက္ထပ္ ကားကုမၸဏီတစ္ခုနဲ႔ ပူးေပါင္းၿပီး စမတ္ဖုန္းတစ္ခုကို မိတ္ဆက္သြားဖို႔ရွိေနျပန္ပါတယ္။ အဆိုပါ ကားကုမၸဏီကေတာ့ Aston Martin ပဲျဖစ္ၿပီးေတာ့ Honor V30 5G ဖုန္းအတြက္ Aston Martin Edition ဆိုၿပီး ထြက္ရွိလာႏိုင္ဖြယ္ရွိေနပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ Teaser ဓါတ္ပုံအရေတာ့ ဖုန္းပုံကို ေသခ်ာေဖာ္ျပထားျခင္းမရွိေပမယ့္ Aston Martin ရဲ႕ ထိပ္တန္း Model ျဖစ္တဲ့ DBS Superleggera ကို အသားေပးေဖာ္ျပထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Honor V30 5G ဖုန္းက အဆိုပါ ကား Model နဲ႔ပဲ ပူးေပါင္းတာလား၊ ဒါမွမဟုတ္ Aston Martin ကုမၸဏီနဲ႔ ပူးေပါင္းထားတာလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Honor V30 Series စမတ္ဖုန္းေတြဟာ 5G ကို Support ျပဳလုပ္လာမယ့္အျပင္ Camera ပိုင္းအရလည္း စြမ္းေဆာင္ရည္ျမင့္မားမယ္လို႔ ယူဆရပါတယ္။ Selfie Camera ေတြကိုလည္း Hole-punch Display အေနနဲ႔ ျပဳလုပ္လာမွာျဖစ္သလို အခု Aston Martin Edition ဖုန္းကလည္း သာမန္ Honor V30 ဖုန္းေတြထက္ အျပင္ပန္း Design ပိုၿပီး လွပလာဖြယ္ရွိေနပါတယ္။

Ref – Pocket Now

Unicode

အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေကို နာမည်ကြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မိတ်ဆက်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း Huawei က Porsche Design ၊ OnePlus က McLaren Edition ဆိုပြီး ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

အခုလည်း Honor ကနေ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားဖို့ရှိနေတဲ့ Honor V30 Series ဖုန်းတွေမှာ နောက်ထပ် ကားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားဖို့ရှိနေပြန်ပါတယ်။ အဆိုပါ ကားကုမ္ပဏီကတော့ Aston Martin ပဲဖြစ်ပြီးတော့ Honor V30 5G ဖုန်းအတွက် Aston Martin Edition ဆိုပြီး ထွက်ရှိလာနိုင်ဖွယ်ရှိနေပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ Teaser ဓါတ်ပုံအရတော့ ဖုန်းပုံကို သေချာဖော်ပြထားခြင်းမရှိပေမယ့် Aston Martin ရဲ့ ထိပ်တန်း Model ဖြစ်တဲ့ DBS Superleggera ကို အသားပေးဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor V30 5G ဖုန်းက အဆိုပါ ကား Model နဲ့ပဲ ပူးပေါင်းတာလား၊ ဒါမှမဟုတ် Aston Martin ကုမ္ပဏီနဲ့ ပူးပေါင်းထားတာလားကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Honor V30 Series စမတ်ဖုန်းတွေဟာ 5G ကို Support ပြုလုပ်လာမယ့်အပြင် Camera ပိုင်းအရလည်း စွမ်းဆောင်ရည်မြင့်မားမယ်လို့ ယူဆရပါတယ်။ Selfie Camera တွေကိုလည်း Hole-punch Display အနေနဲ့ ပြုလုပ်လာမှာဖြစ်သလို အခု Aston Martin Edition ဖုန်းကလည်း သာမန် Honor V30 ဖုန်းတွေထက် အပြင်ပန်း Design ပိုပြီး လှပလာဖွယ်ရှိနေပါတယ်။

Ref – Pocket Now