Honor က တရုတ်မှာ Magic Vs Foldable စမတ်ဖုန်းကို ကြေညာလိုက်ပြီး အရင်မျိုးဆက်ထက် ပိုမိုပေါ့ပါးလာပါတယ်။ အဆင့်မြှင့်ထားတဲ့ Hinge ဒီဇိုင်းကြောင့် အခုလို ပေါ့ပါးလာတာလို့ ကုမ္ပဏီက ပြောပါတယ်။

Honor Magic Vs arrives with improved hinge, lighter body

Magic Vs မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8/256GB , 12/256GB နဲ့ 12/512GB Option ၃ ခု ထုတ်လုပ်ထားပါတယ်။ အတွင်းဘက်မှာ ၇.၉ လက်မ 2272x1984p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 800 nits Brightness ထောက်ပံ့ထားပါတယ်။

Honor Magic Vs arrives with improved hinge, lighter body

အပြင်ဘက်မှာ ၆.၄၅ လက်မ OLED 2560x1080p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ၂ ခုစလုံးဟာ 10-bit ဖြစ်တဲ့အတွက် အရောင် ၁ ဘီလီယမ်ကျော် ပါပါတယ်။

Honor Magic Vs arrives with improved hinge, lighter body

Honor က Foldable မျက်နှာပြင်မှာ ခေါက်ရာ မရှိဘူးလို့ ပြောပြီး အကြိမ်ပေါင်း ၄၀၀,၀၀၀ ကျော် ခေါက်နိုင်တဲ့အတွက် ၁ ရက်ကို အကြိမ် ၁၀၀ ခေါက်ရင်  ၁၀ နှစ် အသုံးခံပါတယ်။

ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 54MP Sony IMX800, 50MP Ultrawide Angle (Macro လိုလည်း သုံးနိုင်)နဲ့ 3x Optical Zoom ထောက်ပံ့တဲ့ 8MP Telephoto တို့ ဖြစ်ပါတယ်။ ကာဗာ မျက်နှာပြင်မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

66W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ၄၆ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ Android 12 အခြေပြု MagicOS 7.0 မောင်းနှင်ထားပါတယ်။

Orange, Cyan နဲ့ Black ၃ ရောင်ထုတ်လုပ်ထားပြီး 8/256GB , 12/256GB နဲ့ 12/512GB ကို ၁,၀၅၀ ၊ ၁,၁၂၀ နဲ့ ၁,၂၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ရောင်းမှာပါ။

Ref : gsmarena