Honor က အရင်နှစ်ထုတ် Magic Vs ရဲ့ မျိုးဆက်သစ် Foldable ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ Honor Magic Vs2 မှာ အဆင့်မြှင့်ထားတဲ့ Magnesium Alloy Frame နဲ့ Luban Titanium Hinge ပါလာပြီး အလေးချိန်က  ၂၂၉ ဂရမ်ပဲ ရှိပါတယ်။

Honor Magic Vs2 debuts with lighter design and updated LTPO OLED displays

Magic Vs2 ဟာ အလွန်ပါးလွှာပြီး ခေါက်ချိုးထားရင် ၁၀.၇ မီလီမီတာနဲ့ ဖြန့်ထားရင် ၅.၁ မီလီမီတာပဲရှိပါတယ်။ 6.43” LTPO OLED Cover မျက်နှာပြင် တပ်ဆင်ထားပြီး 1,060×2,376p Resolution ၊ 1-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Honor က Cover Panel ဟာ 2,500 Nits Brightness အထိ ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။

Honor Magic Vs2 debuts with lighter design and updated LTPO OLED displays

အတွင်းဘက် မျက်နှာပြင်ဟာ 7.9” LTPO OLED ဖြစ်ပြီး 1-120Hz Refresh Rate နဲ့ HDR 10+ ထောက်ပံ့ထားပါတယ်။ 16MP အရှေ့ ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အတွင်းနဲ့ အပြင်ဘက် မျက်နှာပြင် ၂ ခုစလုံးမှာ ဒစ်ဂျစ်တယ်ဘောပင်ကို သုံးနိုင်ပါတယ်။

Honor Magic Vs2 debuts with lighter design and updated LTPO OLED displays

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12/16GB RAM နဲ့ 256/512GB Storage ပါပါတယ်။ ကင်မရာတွေကို အဆင့်မြှင့်ထားပြီး 50MP Main , 20MP Telephoto (2.5x Optical Zoom) နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။

Software အကြောင်းပြောရရင် Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပြီး Foldable ဖုန်းမှာ သုံးလို့ ကောင်းတဲ့ လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ 66W Wired Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Magic Vs2 အတွက် Velvet Black, Glacier Blue နဲ့ Coral Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/256GB ကို ၉၅၈ ဒေါ်လာနဲ့ 16/512GB ကို ၁,၀၅၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၇ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref: gsmarena