Honor က Magic4 Lite ကို ကြေညာလိုက်ပြီး တကယ်တော့ ဒါဟာ စမတ်ဖုန်း အသစ် မဟုတ်ဘဲ Honor X30 ကို နာမည်ပြောင်း ရောင်းချတာ ဖြစ်ပါတယ်။ Magic4 Lite မော်ဒယ်ကို ပြင်သစ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး 6/128GB Memory Configuration ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ Ocean Blue , Titanium Silver နဲ့ Midnight Black အရောင် ၃ မျိုး ရွေးချယ်နိုင်ပါတယ်။

Honor Magic4 Lite

Honor Magic4 Lite မှာ Qualcomm Snapdragon 695 Chipset မောင်းနှင်ထားပြီး Google Play Services ထည့်သွင်းထားပါတယ်။ တရုတ်မှာ ရောင်းချတဲ့ Honor X30 မှာတော့ Google Play Services မပါလာပါဘူး။

Honor Magic4 Lite

အနည်းငယ် အရွယ်အစား ကြီးမားတဲ့ ၆.၈၁ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 1080x2388p Resolution ထေက်ပံ့ထားပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အားကောင်းကာ ဂိမ်း ကစားရင် အရမ်း ကောင်းမှာပါ။

Honor Magic4 Lite

အနောက်ဘက်မှာ 48MP Main ,2MP Macro ,2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh ဘက်ထရီ ထည့်သွင်းထားပြီး ၃၀ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Honor Magic4 Lite ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena