Honor က စွမ်းရည်မြင့် Magic6 နဲ့ Magic6 Pro ကို ကြေညာလိုက်ပြီး Qualcomm Snapdragon 8 Gen 3 Chip ၊ တောက်ပတဲ့ LTPO OLED မျက်နှာပြင်နဲ့ စွမ်းရည်မြင့် ကင်မရာတွေ ပါလာပါတယ်။

Honor Magic6 series debut with Snapdragon 8 Gen 3, up to 1TB storage and 180MP periscope

ဖုန်း ၂ လုံးစလုံးမှာ 6.8” LTPO AMOLED 1264x2800p မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 1-120Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ Auto Mode မှာ  1,800 Nits Peak Brightness ပါလာပြီး HDR Content အတွက် 5,000 Nits Peak Brightness အထိ ထောက်ပံ့ပေးတာက တော်တော်လန်းပါတယ်။

Honor Magic6 and 6 Pro feature curved 6.8-inch LTPO AMOLED displaysHonor Magic6 and 6 Pro feature curved 6.8-inch LTPO AMOLED displays

ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ဆင်ထားပါတယ်။ Magic6 မှာ Punch Hole Cutout ၁ ခုနဲ့ Pro ရဲ့ ဆေးတောင့်ပုံ Cutout မှာ 3D Depth Face Unlock Module တပ်ဆင်ထားပါတယ်။

Magic6 Pro ရဲ့ အနောက်ဘက်မှာ f/1.4-f/2.0 Variable Aperture ပါတဲ့ 50MP Main ကင်မရာနဲ့ Magic6 မှာ 50MP f/1.9 ကင်မရာ ပါပါတယ်။ Pro မှာ 180MP Periscope (2.5x Optical Zoom , 100x Digital Zoom) နဲ့ 50MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Honor Magic6 series debut with Snapdragon 8 Gen 3, up to 1TB storage and 180MP periscope

Magic6 မှာ 32MP Telephoto (2.5x Optical , 50x Digital Zoom ) နဲ့ 50MP Ultrawide ကင်မရာတွေ ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု Honor ရဲ့ MagicOS 8.0 အသစ် ထည့်သွင်းထားပါတယ်။ Pro မှာ 12GB/16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။

Magic6 မှာ 66W Wired Charging နဲ့ 50W Wireless Charging ပါတဲ့ 5,450mAh Battery တပ်ဆင်ထားပါတယ်။ Pro မှာ 80W Wired နဲ့ 66W Wireless Charging ပါတဲ့ 5,600mAh Battery ထည့်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် အနက်၊ အစိမ်း၊ အပြာ၊ ခရမ်းနဲ့ အဖြူရောင်  ထုတ်လုပ်ထားပြီး အောက်မှာ ဈေးနှုန်းတွေကို လေ့လာနိုင်ပါတယ်။

တရုတ်မှာ ဒီလ ၁၈ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်နဲ့ ဈေးနှုန်းကို နောက်ကျမှ သိရမှာပါ။

Ref : gsmarena