Honor ကနေ အစောပိုင်းတုန်းက သတင်းတွေပေါက်ကြားထားပြီးဖြစ်တဲ့ MagicBook 14 နဲ့ 15 2020 Ryzen Edition Laptop တွေကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ MagicBook အသစ်တွေဟာ Model ၄ မျိုးထွက်ရှိလာမှာဖြစ်သလို စျေးနှုန်းအနေနဲ့လည်း 3,599 Yuan (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေစတင်မှာဖြစ်ပါတယ်။

အရင်ဆုံး Honor MagicBook 14 နဲ့ 15 ဟာ နာမည်အတိုင်းပဲ 14″ နဲ့ 15″ Full HD Display တွေပါဝင်မှာဖြစ်ပါတယ်။ Screen-to-Body Ratio အနေနဲ့ကတော့ MagicBook 14 မှာ 84% နဲ့ MagicBook 15 မှာတော့ 87% အထိရှိမယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ AMD Ryzen 5 4500U သို့မဟုတ် Ryzen 7 4700U ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး MagicBook 14 မှာဆိုရင် အဆိုပါ Ryzen 5 သို့မဟုတ် Ryzen 7 Processor ကို RAM 16GB ၊ 512GB PCI-E SSD ပါဝင်မှာဖြစ်ပါတယ်။ MagicBook 15 မှာတော့ Ryzen 5 Version မှာ RAM 16GB + 512GB SSD အပြင် စျေးပိုသက်သာတဲ့ RAM 8GB + 256GB SSD Version ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Ryzen 7 Version မှာတော့ RAM 16GB + 512GB SSD တစ်မျိုးပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

အဆိုပါ Honor MagicBook 14/15 2020 Ryzen Edition Laptop တွေဟာ USB-C 65W Fast Charging ၊ USB 3.2 Gen 1 ၊ USB 2.0 ၊ HDMI ၊ 3.5mm Audio Jack ၊ Fingerprint Sensor ၊ Keyboard Pop-up Webcam နဲ့ Huawei ရဲ့ Multi-Screen Collaboration Feature တွေပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ MagicBook 14 2020 Ryzen 5 Version ကို 3,999 Yuan (မြန်မာငွေ ၇ သိန်း ၈ သောင်းဝန်းကျင်) ၊ Ryzen 7 အတွက်ကတော့ $4,499 Yuan (မြန်မာငွေ ၈ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ MagicBook 15 2020 အနေနဲ့ကတော့ Ryzen 5 ၊ RAM 8GB + 256GB ကို 3,599 Yuan (မြန်မာငွေ ၇ သိန်းဝန်းကျင်) ၊ Ryzen 5 ၊ RAM 16GB + 512GB ကို 4,199 Yuan (၈ သိန်း ၂ သောင်းဝန်းကျင်) နဲ့ Ryzen 7 Version ကိုတော့ 4,699 Yuan (မြန်မာငွေ ၉ သိန်း ၂ သောင်းဝန်းကျင်) သတ်မှတ်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China